etoneSeptember 1, 20101min1721
မြတ်စွာဘုရားဟောကြားသော ဒေသနာတော်တို့မှာ သုတ်၊ အဘိဓမ္မာ၊ ဝိနည်းဟူ၍ သုံးမျိုးခွဲခြား ထားရာတွင် အခြားဒေသနာတော်များကို ဤလူတို့ပြည်၌ ဟောကြားတော်မူခဲ့ပါသော်လည်း အဘိဓမ္မာ ဒေသနာတော်ကိုမူ ဤလူတို့ပြည်၌ ဟောကြားတော်မမူပေ။ ဝါတွင်းသုံးလပတ်လုံး (ရက်ပေါင်းကိုးဆယ်ခန့်) ဟောကြားရမည့် ဤအဘိဓမ္မာဒေသနာတော်ကြီးကို ဤလူတို့ပြည်တွင် ဟောကြားရန် မလျော်ဘဲဖြစ်နေသည်။ မြတ်စွာဘုရားက ဟောကြားနိုင်သည်ဆိုဦးတော့ နာကြားကြရမည် ဖြစ်သော လူပရိသတ်တို့တွင် နာကြားနိုင်ရာသော ဣရိယာပုထ်ကား မရှိပေ။ နေ့ရောညဉ့်ပါ မပြတ် သုံးလတာကာလပတ်လုံး နာကြားဖို့မဆိုထားနှင့် လူတို့အနေဖြင့်မူ သုံးရက်ပင် မထတန်း နာကြားနိုင်ကြမည်မဟုတ်။ ယခုမျက်မှောက် ဓမ္မကထိကတို့ သုံးနာရီခန့် ဟောကြားလျှင်ပင် တချို့တရားနာပရိသတ်တို့မှာ ငိုက်သူငိုက်၊ ထပြန်သူပြန် ဖြစ်ကုန်ကြသည်။ ထို့ကြောင့် နတ်တို့ပြည်၌ နာရီပိုင်းမျှသာ ကြာမည်ဖြစ်သော တာဝတိံသာ နတ်တို့ဌာနကိုလည်းကောင်း၊ ဤမျှသော အချိန်ကာလ၌ ငြီးငွေ့ဖွယ်မရှိဘဲ နာကြားနိုင်သော […]