မှော်ဆရာရဲ့ကျေးဇူးနဲ့ လူရိုင်းရွာက လွတ်လာတဲ့ဦးစံရှားဟာ Foreign Resident ညွှန်တဲ့ လမ်းအတိုင်း weiwei နဲ့ TTCG တို.ဆောင်းပေးလိုက်တဲ့ ဦးထုပ်ဖြူ ကြီးဆောင်းပြီးminthakhin ကျေးဇူးကြောင့်ရလာတဲ့ ရွှေဒင်္ဂါး ခုနစ်ပြားပိုက်ကာ ခရီးထွက်လာပါပြီ။လက်ထဲမှာလည်း Myanmar ပေးလိုက်တဲ့ ကြက်ဥပြုတ်ကြီးကိုင်ပြီး ပြိုင်ပွဲဝင်လိုက်တာ xman ကျေးဇူးကြောင့်ပြိုင်ပွဲ ဝင်ခွင့် ရသွားပါပြီ။ ဒါပေမယ့်ပြိုင်ပွဲက နောက်တစ်ပတ်နေမှစမှာပါ။ ဒါနဲ.ဦးစံရှားလည်း ရွာထဲကို လမ်းလျှောက်ထွက်လာပါတယ်။ ထွက်လာရင်းက ဈေးထဲကိုရောက်သွားပါတယ်။ ဈေးထဲမှာ လိမ္မော်သီးသည်နှစ်ယောက် အချင်းများနေကြပါတယ်။ အဲဒီမှာ ဦးစံရှားကို မြင်တော့ အကူအညီတောင်းပါတယ်။ သူတို.ပြသနာကိုဖြေရှင်းပေးဖို.ပေ့ါ ။ သူတို.ပြသနာကတော့ ပထမ လိမ္မော်သီးသည်မှာ လိမ္မော်သီး အလုံးသုံးဆယ်ရှိပါတယ်။ သူက သုံးလုံးကို ငါးကျပ်နဲ့ရောင်းပါတယ်။ ဒုတိယလိမ္မော်သီးသည်မှာလည်း အလုံးသုံးဆယ်ရှိပါတယ်။ သူကတော့ နှစ်လုံးကို ငါးကျပ်နဲ့ရောင်းပါတယ်။ အဲဒီနေ.မနက်ခင်းက […]