alien on the planet earthSeptember 11, 20101min2092
မသိသေးသူများသိရန် . သိပြီးသူများပိုသိရှိရန် သူငယ်ချင်းတစ်ယောက်ဆီမှ FWD  mail အားပြန်လည်ဝေမျှပါသည်. ကျွန်တော်သည်ရုရှားမှ ကျောင်းသားတဦးဖြစ်ပါသည်။အရှင်ဘုရားအား ကျွန်တော် ရဲ့မေးခွန်းအားအကိုမှတဆင့် မေးလျောက်ပေးပါရန် လေစားစွာ တောင်းဆိုအပ်ပါသည်။ အရှင်ဘုရား တပည့်တော်သည်အရှင်ဘုရားဧ။် တရားများအား အမြဲနားထောင်နေသောဒကာဖြစ်ပါတယ်။ အရှင်ဘုရားတပည့်တော်တွင် မေးစရာမေးခွန်းမဖြစ်ခဲ့ဘူးပါ။ တပည့်တော်သည် အရှင်ဘုရား ဟောကြားသော သူတော်စင်တို့ရဲ့စိတ်ထားတရားနှင့် အပါယ်ပိတ်တရားတော်တို့အား နှစ်သက်ပါတယ် အရှင်ဘုရား။ အရှင်ဘုရားအား လေးစားကိုးကွယ်သူ တစ်ယောက်ပါအရှင်ဘုရား။ တပည့်တော်မေးခွန်းပေါ်လာပုံကတော့ အခန်းဖေါ်အား တပည့်တော်ဖွင့်သောတရားတော်များကြိုက်ပါသလားလို့မေးသောအခါ သူက မဖြစ်နိုင်တာပါတွေပါနေတယ် ပြောပါတယ်အရှင်ဘုရား။ သရဏဂုံ တစ်ဘဝတာမြဲပြီး ၉၁ကမာ္ဘ အပါယ်တံခါး ပိတ်ခဲ့ပါတယ်။ အရှင်ဘုရား တရားတော်တွင် ၉၁ကမာ္ဘ အပါယ်ပိတ်တာဟာ သူဟာ နောက်ဘဝ မကောင်းတာ လုပ်မယ်ဆိုရင် အပါယ်ပိတ်ပါအုံးမလား။ မဖြစ်နိုင်ဘူး ပြောပါတယ် အရှင်ဘုရား။ ဘယ်လိုဖြစ်နိုင်ပါလဲအရှင်ဘုရား။ တပည့်တော်မရှင်းတတ်ပါအရှင်ဘုရား။ […]