Shwe EiAugust 8, 20111min1470
ဝယ်ယူစားသုံးခြင်း ဝယ်ယူစားသုံးခြင်းက ဒီစနစ်ရဲ့ နှလုံးသည်းပွတ်ဖြစ်တယ်။ ဒီစနစ်ကို မောင်းနှင်တဲ့အရာဖြစ်တယ်။ မှားယွင်းနေတဲ့ ဒီစနစ်ကို ကျားကန်ဖို့ရာ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တာမို့ ဒါကိုကာကွယ်ဖို့ရာ အစိုးရအတွက်ရော၊ ကော်ပိုရေးရှင်းတွေ အတွက်ပါ အဓိက ဦးစားပေးလုပ်ငန်းဖြစ်လာတယ်။ ၉/၁၁ ဖြစ်ရပ်ပြီးတဲ့နောက် ကျွန်မတို့ရဲ့တိုင်းပြည်ဟာ အရမ်းကိုတုန်လှုပ်ခြောက်ခြားနေခဲ့တယ်။ ဒီအခါမှာ သမတကြီး ဘုရှ် အနေနဲ့ ပြည်သူတွေကို ”ပူဆွေးကြပါ၊ ဆုတောင်းမစ်တာ ပို့သကြပါ၊ ပြီးတော့ မျှော်လင့်ချက်တွေ ထားကြပါ” စသည်ဖြင့် သင့်လျော်တဲ့ စကားကောင်းကို ပြောနိူင်ပေမဲ့၊ သူတကယ်ပြောခဲ့တာကတော့ ”ဈေးဝယ်ထွက်ကြပါ၊ ဈေးဝယ်ထွက်ကြပါ” တဲ့။ ကျွန်မတို့ရဲ့ တိုင်းပြည်ဟာ ”စားသုံးသူတို့ရဲ့တိုင်းပြည်” ဖြစ်လာခဲ့ပါပြီ။ ကျွန်မတို့ဟာ မိခင်တွေ မဟုတ်တော့ဘူး။ လယ်သမားတွေ မဟုတ်တော့ဘူး။ ကျောင်းဆရာတွေ မဟုတ်တော့ဘူး။ စားသုံးသူတွေသာ ဖြစ်ကြပါတယ်။ ကျွန်မတို့ရဲ့ တန်ဖိုးကို […]