ငိုကာမှရယ် ပြုံးကာမှမဲ့မိတယ် မသိသေးတဲ့ ကလေးရွယ်မို့ ရှက်ကမှန်းလဲ မသိပါတစ်ကယ် အငိုနဲ့စ အငိုနဲ့ဆုံး အပြုံးနည်းတဲ့ လောကအလည်မှာ မင်းလေးတစ်ယောက် သောကတွေ ဘယ်လောက်များ ရောက်နေရပြီလဲကွယ် သူသူငါငါ နှုတ်ဆက်နေတဲ့ သံသရာကြောမှ နှစ်မြောနေတာ အခုထိပါ လောဘကိုခေါင်းအုံးအိပ် မောဟကို စောင်လိုခြုံ မုသားကိုရေလိုသုံး လူအများအလည်မှာ ယောင်ချာချာနဲ့ ဘယ်လောက်များ ရင်မောနေရပြီလဲလေ သွားရမယ့်လမ်း ဆုံရမယ့်နေရာ ကြုံရမယ့် ဒေဿနာတွေအောက်မှာ ငါမေ့လို့နေပြီလား တရားသိပေမယ့် မတရားခြင်းတွေရဲ့အောက်မှာ ငါလေဘယ်တော့များမှ လွတ်မြောက်ခြင်းဆိုတာကို တွေ့ရှိနိုင်ပါ့မလဲ…………. ပိတောက်မိုး