ဒီစာစုကို ရေးရတဲ့ရည်ရွယ်ချက်ကတော့ ဘယ်သူမဆို ကိုယ့်အနောက်မှာ ကပ်ပါနေတဲ့ အရိပ်တစ်ခုကို သတိမထားမိပဲ တစ်စုံတစ်ရာကို တစ်ချိန်ချိန်မှာ လက်လွတ်စပယ် လုပ်တတ်လေ့ရှိတဲ့ လူသားအားလုံး သတိတရားလေးကပ်မိနေကြဖို့နဲ့ ကိုယ်ချင်းစာတရားဆိုတာလေးကို သတိရစေဖို့ ရည်ရွယ်ပြီး ရေးလိုက်တာပါ……။ ဖြစ်တဲ့နေ့က ဒီလို ……… 20-12-2011 နေဝန်းနီတို့ အိမ်ကရေမိုးချိုးပြီးအိမ်ကအထွက် ထိုင်နေကျ ဗစ်တာစိုးမိုးရဲ့ စာအုပ်အငှားဆိုင်လေးမှာဝင်ထိုင်ရင်း…. အွန်လိုင်းအကြောင်း ကောင်မလေးတွေ အကြောင်း ဟိုအကြောင်းဒီအကြောင်း ထွေရာလေးပါးပြောနေရင်း…….. မြို့တောင်ဘက်အဝင်ဘက်မှာ ဆိုင်ကယ်တိုက်တယ်ဆိုပြီး သွားကြည့်ကြသံကြားပါတယ်…။ အနားကလူတွေက လိုက်ဦးမလားလို့ခေါ်တာတောင်မှ “ မင်းတို့ကလည်း နေ့တိုင်းတစ်နေရာမဟုတ်တစ်နေရာမှာ ဆိုင်ကယ်တိုက်နေတာ မထူးဆန်းတော့ပါဘူး” ဆိုပြီး ပြောလိုက်သေး…။ ထိုင်နေရာကတောင်မရွေ့…။ ကြားရသေးတယ်…..။ “ သေသွားတဲ့သူက အရက်နံ့ကိုထောင်းနေတာပဲ” အချိန်က ညနေ သုံးနာရီခွဲ လောက်ပဲရှိသေးတယ်….။ အဲဒါကြောင့် “ ဒီအချိန်မှာတောင် […]