Yin Nyine NwayDecember 31, 20101min3024
ဆင်ခြင်စေချင် မွေးနေ့ရှင်* မွေးနေ့ဆိုတော့ မွေးနေ့ပဲ ဆုတောင်းပေးရမလား၊ မွေးနေ့ သီချင်းပဲ ဆိုပြရမလား မသိဘူး။ ဦးဇင်းကတော့ ဓမ္မလက်ဆောင်အနေနဲ့ နေ့တိုင်း နှလုံးသွင်း အမှတ်ရနေရသင့်တဲ့ အချက်အလက် ငါးချက်ကို ပြောပြလိုက်ချင်ပါတယ်။ ဗုဒ္ဓတရား လိုက်စားနေကြတဲ့ လူတိုင်း သိရှိနေတဲ့ အချက်အလက် လေးတွေပါ။ သို့သော် လူတိုင်းတော့ လိုက်နာ ကျင့်သုံးကြမယ်လို့တော့ မထင်ပါဘူး။ ပါဠိလိုကတော့ အဘိဏှ လို့ခေါ်တယ်။ အမြဲတမ်း၊ နေ့စဉ်ပေါ့။ အဘိဏှရဲ့နောက်မှာ မြတ်စွာဘုရားက ပစ္စဝေက္ခိတဗ္ဗံလို့ ဟောတော်မူတယ်။ နှစ်လုံးသွင်းရမယ်၊ ဆင်ခြင်ရမယ်၊ သတိယနေရမယ်။ စသည်စသည်ပေါ့ကွယ် ဘာသာပြန်လိုက်ပေါ့ နေ့တိုင်း နှလုံးသွင်းနေရမယ်ပေါ့။ ဘယ်သူတွေလဲဆိုတော့ မြတ်စွာဘုရားက ဆက်မိန့်ပါတယ်။ ဣတ္ထိယာဝါ- အမျိုးသမီးများ အားလုံး၊ ပုရိသသေနဝါ- အမျိုးသားများ အားလုံး၊ ဂဟဋ္ဌေနဝါ- အိမ်မှာနေငြား လူဝတ်ကြောင်များအားလုံး၊ […]