တစ်နေ့သော နေသာရက် စနေရုံးပိတ်ရက်တစ်ရက်တွင် ကျွန်ုပ်မောင်ဒီဘီသည် ရန်ကုန်ပြန်မည့် အသိတစ်ယောက်အား ဆုံတွေ့ရန်အလို့ငှာလည်းကောင်း၊ မဂ္ဂဇင်း ဂျာနယ်စာအုပ်များ ဝယ်နိုင်ရန်အလို့ငှာလည်းကောင်း စီးတီးဟောရှိ မြန်မာဆိုင်တစ်ဆိုင်တွင် ချိန်းဆိုထားသည်ကို တွေ့ရန်သွားရလေသည်။ နေ့လည်စာထမင်းစားသောက်၊ လဘက်ရည်သောက် လေပွား ရှေးဟောင်းနှောင်းဖြစ်များ ပြောဆို်ကြလေ၏။ အချိန်တစ်နာရီခန့် စကားပြောဆို၍ အားရကြသောအခါ လူချင်းခွဲကြ၍ ကျွန်ုပ်လည်း အလိုရှိသော မဂ္ဂဇင်း ဂျာနယ်များ ဝယ်၍ အိမ်သို့ပြန်ရန်အလို့ငှာ ဘူတာရုံသို့ဆင်းရလေ၏။ ဘူတာရုံတွင်ကား လူများ များပြားလှသည်မှာ ကြက်ပျံမကျ၊ ငှက်ပျံမကြ၊ ဆီဈေးပြန်မကျ၊ ဆန်ဈေးပြန်မကျ (အဲလေ) လူများ များပြားလှပေသည်။ ကျွန်ုပ်လည်း အနီလိုင်းစီးမည့်ဘက်တွင် အသာရပ်ကာ တန်းစီရလေသည်။ ရထားလာသောအခါ အသီးသီး အသက ထိုင်စရာနေရာရရန်အလို့ငှာ နေရာယူနေသော လူများနှင့်လွတ်စေရန်ကိုလည်း သတိထားကာ ရှောင်ရှားရလေ၏။ တချို့များကြတော့လည်း မောင်ဒီဘီတို့ ရန်ကုန်တွင် […]