တနေ့သောအခါ အရက်သမားတစ်ယောက်သည် ရေချိန်မကိုက်ဘဲ အိမ်သို့ပြန်လာသည်။အိမ်တွင် သူ့ယောက်ကထီးကြီးနှင့် သူနှစ်ယောက်တည်းနေသည်။ယောက်ကထီးကြီး၏ မျက်လုံးတဖက်မှာ ကျောက်မျက်လုံးဖြစ်သည်။ကျောက်မျက်လုံး၏သဘောမှာ ညရောက်လျှင် ဖန်ခွက်ထဲတွင် မျက်လုံးကိုရေစိမ်ထားရသည်။သမက်သည် အိမ်ပြန်ရောက်သောအခါ် ရေချိန်မကိုက်သေးသဖြင့် ကျောက်မျက်လုံးထည့်ထားသော ဖန်ခွက်ကိုမော့လိုက်လေသည်။ထို့နောက် သုံး၊လေး ရက်ခန့်ကြာ သောအခါ ဝမ်းသွားမရပေ။ထု့ိကြောင့် လိပ်ခေါင်းဆရာဝန်ကို သွားပြလေသည်။ ဆေးခန်းရောက်သောအခါဆရာဝန်ကို“ကျွန်တော်ဝမ်းမသွားလို့ပါ လေးရက်ရှိပါပြီ”။ထိုအခါ ဆရာဝန်ကမှန်ပြောင်းဖြင့်ကြည့်လိုက်သည်။ထိုနောက်ဆရာဝန်သည် မျက်လုံးပြူးပြီး အလွန်လန့် သွားသည်။လူနာကဆရာဝန်အား“ဆရာကျွန်တော် ဘာဖြစ်တာလဲ ဆရာ ကြီးကြီးမားမားကိစဆိုရင် ပြောသာ ပြောပါ အားမနာပါနဲ့ဆရာဟုပြောသည်” ဆရာဝန်က “ကျွန်တော်လိပ်ခေါင်းရောဂါ ဆရာဝန်လုပ်လာတာ နှစ်နှစ်ဆယ်ရှိပြီ… ကျုပ်ကြည့်လာတဲ့ဖင်တွေထဲမှာ ကျုပ်ကိုပြန်ကြည့်တဲ့ဖင်ဒီတစ်ဖင်ဘဲ တွေဖူူးတယ်”တဲ့။