kaiAugust 23, 20111min4289
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC)၊ နေပြည်တော် ၂ဝ၁၁ ခုနှစ် ၊ ဩဂုတ်လ (၁၉-၂၁)ရက် မြန်မာကျပ်ငွေလဲလှယ်နှုန်းကိစ္စ အပိုင်း (၁) နိဒါန်း ၁။ လွန်ခဲ့သည့်လအနည်းငယ်အတွင်း မြန်မာကျပ်ငွေလဲလှယ်နှုန်းသည် သိသိသာသာ တောက် လျောက် တက်လာခဲ့ပါသည်။ ထို့ကြောင့်ပြဿနာများ ပေါ်ပေါက်ခဲ့ပါသည်။ ကျပ်ငွေတန်ဘိုးတက် လာသည့်အတိုင်းအတာနှင့် မြန်မာစီးပွားရေးလုပ်ငန်းများ၏ စရိတ်နှင့်အကျိုးအမြတ်များအပေါ် အကျိုးသက်ရောက်ပုံကို နိုင်ငံတော်သမ္မတရုံး စီးပွားရေးအကြံပေးအဖွဲ့ဝင် ဦးဆက်အောင် ပြုစုထား သောစာတမ်းတွင် ဖော်ပြပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယင်းအချက်အလက်များကို ဤစာတမ်းတွင် ထပ်မံမဆွေးနွေးတော့ဘဲ အောက်ပါကိစ္စသုံးရပ်ကိုသာ ဖော်ပြသွားပါမည်။ ၎င်းတို့မှာ – ၂။ ပထမဦးစွာ မည်သည့်အကြောင်းကြောင့် ငွေတန်ဘိုးမြန်မြန်ဆန်ဆန်တက်ရပြီး၊ မည်ကဲ့သို့ ပြဿနာများ ဖြစ်ပေါ်စေသည်ကို ရှင်းပြရန်။ ၃။ ဒုတိယအချက်အနေဖြင့် ကျပ်ငွေလဲလှယ်နှုန်းတက်သည့်ပြဿနာကို […]