ဦးရေပြားဟာ Malassezie လို.ခေါ်တဲ့ မှိုအမျိုးအစားများတွယ်ကပ်လေ့ရှိပါတယ်။ ၎င်းတို.အစာ သည် ဦးရေပြားမှ ထုတ်လုပ်သော အဆီများဖြစ်ပါသည်။ ဗောက်၊ ဒက် ဖြစ်ပွားသော ကြောင့် ဦးရေပြားနာကျင်ခြင်း အရေခွံလဲလှယ်မှုမြန်ဆန်လာခြင်းတို. ဖြစ်ပွားတတ်ပါသည်။ ဦးရေပြား အရေခွံအသစ်လဲလှယ်မှုသည် တစ်လမှ နှစ်ပတ်သို.ကျဆင်းသွားပြီး ဦးရေပြားမှထွက်သောအဆီနှင့် ထိုပျက်စီးသွားသော အရေပြားများ ပေါင်းစပ်စည်းကပ်ပြီး ဗောက် ၊ ဒက် တို.ဖြစ်ပွားတတ်ပါသည်။ ဗောက်၊ ဒက်များပျောက်ကင်းစေရန်အတွက် အကောင်းဆုံးပြုလုပ်ရန်မှာ ဆံပင်နှင်ဦးရေပြားကို သန်.ရှင်းစင်ကြယ်အောင် ထားပြီး ဗောက်ပျောက်စေသော ခေါင်းလျှော်ရည်ဖြင့်လျှော်ပေးရပေမည်။ ထိုခေါင်းလျှော်ရည်များထဲတွင် pyrithione, selenium, salicylic acid တို.ပါဝင်သော ခေါင်းလျှော်ရည်များသည် ဦးရေပြားကြံခိုင် လာစေရန် အထောက်အကူဖြစ်ပါသည်။ အိမ်တွင်းဖြစ်ဆေးဝါးဖြင့်လည်း ဗောက် ၊ ဒက်များကို ဆေးကြောရှင်းလင်းနိုင်ပါသည်။ ရှာလကာရည်ဖြင့် ခေါင်းလျှော်ခြင်းဖြစ်ပါသည်။ ရှာလကာရည်တစ်ဇွန်းကို ရေခြောက်ဇွန်းဖြင့် […]