ရွှေအိမ်စည်August 12, 20111min58427
နားရွက်ပြာကတည်းကမစားရတာကြာပါပြီ..။ နားရွက်ပြာတဲ ့ဝက်မျိုးလည်းကုန်လောက်ပြီထင်ပါတယ်..။ ဒီတစ်ပါတ်တော့ဖြစ်ချင်ရာဖြစ်…စွဲတော့မယ်.. ဝက်သားတုတ်ထိုးစားချင်တဲ့ အချိန်တိုင်းအာသီသ ရှိနေတာကြာပါပြီ ။ အစားအသောက်အကြောင်းပဲ စဉ်းစားနေမိတယ်။ အချိန်တိုင်း ဒီအကြောင်းပဲ စဉ်းစားနေမိတာ ရှေ ့ရေးစီးပွားရေးအတွက်ပါ။ ကျမငယ်ငယ်ကလည်းစိတ်ကူးမိတယ်..တုတ်ထိုးရောင်းဖို ့လေ။ ………… ဝက်သားတုတ်ထိုးက မန္တလေးမှာ စားရတာနဲ ့ရန်ကုန်မှာ စားရတာ မတူလှဘူး။ မန္တလေးက အဓိက အသားကို ပြုတ်ထားတာဆိုတော့ အသားက ပျော့တယ်။ တုတ်နဲ ့ထိုးထားတာတင် မဟုတ်ပဲ ပွဲနဲ ့လဲစားလို ့ရတယ်။ ပွဲနဲ ့ကြတော့ အသားပြုတ်တဲ့အရည်ရောပြီး ကြက်သွန်ဖြူ၊ငရုတ်သီး ကို ပါးပါးလှီးထည့်၊ ငရုတ်သီးဆော့ရယ် သံပုရာသီးညှစ်ပြီး စားကြတယ်။ တုတ်နဲ ့ထိုးထားတာကြတော့ မန္တလေးမှာ အကင်လို ့ခေါ်တယ်။ အကင်နဲ ့ပွဲနှင့်ပေါ့။ ပြီးတော့ အသား၊အူနဲ ့အဆုတ်ကို […]