ကနာ္တရ စီးကြောင်း – ညိုခက်ကျော် ပြတင်းပေါက်တံခါးကိုဖွင့်လိုက်စဉ် စွတ်စိုထိုင်းမှိုင်းသော လေသည် အရှိန်ပြင်းပြင်း ခုန်ပေါက်ဝင်ရောက်လာသည်။ ဟိုး အဝေးတစ်နေရာဆီမှ ပျံ့လွင့်လာသော သီချင်းသံခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။ ထွက်ပြူစပြုနေပြီဖြစ်သော လမင်းသည် ကောင်းကင်၏ကုန်လုဆဲ လက်ကျန်အလင်းတချို့ကြောင့် မှိန်ဖျော့နေဟန်ရှိသည်။ အမြင့်ဆီမှ လှမ်းမြင်နေရ သောရန်ကုန်မြို့၏ဆည်းဆာသည် ပလက်ဖောင်းဘေးတစ်ဖက်တစ်ချက်ဆီမှ ပျံကျဈေးသည်များ၊ လမ်းမနှင့်မဆံ့ လောက်အောင်ချွေးတလုံးလုံးနှင့်တိုးဝှေ့နေကြသူများ၊ ဘီးတစ်လိမ့်ရွေ့ရန်အတွက်အချိန်ကြာမြင့်စွာ စောင့်ဆိုင်း တန်းစီနေကြသောကားတန်းရှည်များဖြင့်သက်မဲ့လွန်းလှသည်။ ပြတင်းပေါက်ကိုကျောခိုင်း မည်ပြုပြီးမှ ဖြတ်ကနဲ ဝင်ရောက်လာသောအတွေးကြောင့် တစ်ဖက်လမ်းရှိတိုက်ကို လှမ်းကြည့်ရန် သတိရမိသည်။ ဒီအချိန်ဆိုကိုကို အိမ်ပြန်ရောက်ပြီလား။ တစ်ဖက်လမ်းဆီမှ ပိတ်ထားဆဲ ပြတင်းတံခါး ကိုမြင်လိုက်ရသောအခါ သူမခေါင်းတစ်ချက်ယမ်းလိုက်ပြီး အိမ်ထဲဝင်လာခဲ့သည်။ အိ်မ်ရှေ့ ဝရံတာဆီသွားဖို့ အင်မတန် ရွံရှာစက်ဆုပ်ဖို့ကောင်းသော သူမတို့အိပ်ခန်းကို နောက်တစ်ကြိမ် ဖြတ်သွားရ ဦးမည်။ မီးမဖွင့်ထားသော ထိုအခန်းသို့ ခြေလှမ်းကျဲကျဲများဖြင့် […]