unclegyi1974March 2, 20111min2936
ကျွန်တော်ငယ်တုန်းကအဖေ့ကိုမေးခဲ့တယ် ကြက်နဲ့ကြက်ဥဘယ်သူကစဖြစ်တာလဲလို့ အဖေကတခြားအကြောင်းတွေပြောပြီးစကားမေ့သွားရော ကျွန်တော့်သားငယ်ကတနေ့ကမေးတယ် အဖေကြက်နဲ့ကြက်ဥဘယ်သူကစဖြစ်တာလဲတဲ့ ကျွန်တော်လည်းမဖြေတတ်ဖူး တနေ့ကမောင် ဆိုတဲ့စာရေးသူတယောက်ကဘာသာ ပြန်ထားတဲ့ဆောင်းပါးတပုဒ်ကို Health Digest တစောင်ထဲမှာဖတ်လိုက်ရတယ် ခေါင်းစဉ်က ကြက်ဥနဲ့ကြက်မဘယ်သူကစသလဲအဖြေတွေ့ပြီ   ဒါနဲ့ဖတ်ကြည့်လိုက်တာ အဖြေတွေ့တာယူကေကသုတေသီတစုတဲ့ သူတို့ကကြက်ဥအခွံဖြစ်အောင်ပြုလုပ်ပေးတဲ့ပရိုတင်းအသား ဓါတ်တမျိုးကိုဖော်ထုတ်တွေ့ရှိခဲ့တာပါ အဲဒီပရိုတင်းအသားဓာတ်ဟာကြက်မရဲ့ဥအိမ်မှာသာတွေ့ ရှိနိုင်ပါသတဲ့ ဒါကြောင့်ကြက်ဥနဲ့ကြက်မအစက ကြက်မလို့ပြောနိုင်ပြီလို့ပြောပါတယ် အခွံဖြစ်ပေါ်ပုံသိသော်လည်းဘယ်လိုလုပ်ပြီးကြက်ကလေး အဖြစ်ကိုကူးပြောင်းသွားတာကိုတော့ဆက်လက်လေ့လာ နေဆဲလို့ဖတ်လိုက်ရကြောင်းပါခင်ဗျာ     ဒါနဲ့