unclegyi1974November 10, 20101min2182
ဟိုဘက်ရက်များက ကိုပေါက်ရဲ့ မန္တလေးမီးအကြောင်းတွေဖတ်လိုက်ရပါတယ် ပထမ မန္တလေးမီးကဆိုင်းတန်းဝင်းကစလောင်ပါတယ် လောင်တာက ဓာတ်ဆီကိုမီနဲ့ကြည့်ရာကလောင်ပါတယ် ဒုတိယမီးက ဦးကျားကြီးဝင်းကလောင်ပါတယ် နောက်ဓာတ်ဆီပုံးတွေ ဓာတ်ဆီပ္ပေါတွေပေါက်ကွဲပြီး မီးမထိန်းနိုင်ဖြစ်ပြီးလောင်ပါတယ် မန္တလေးမီးကြီးလောင်ရင်ဓာတ်ဆီက အဓိကကျနေတာတွေ့ရမှာပါ အန်ကယ်ကြီးတွေးကြည့်မိတာပါ အဲဒီအချိန်တွေတုန်းကဓာတ်ဆီကမှောင်ခိုလေ အစိုးရဓာတ်ဆီတိုင်တွေကခွဲတန်းပေးတဲ့ဆီတွေကိုအိမ်သုံး ကားလေးတွေနဲ့ထုတ်ပြီးအပြင်မှာပြန်ရောင်းကြတာ သိပ်ခေတ်စားနေတဲ့အချိန်ပါထုတ်ရောင်းကြတဲ့ကားတွေ လဲအိမ်စရိတ်စိုပြေနေကြတဲ့အချိန်အခါပါ ဈေးနဲကားလေး တွေဝယ်ကြဓာတ်ဆီထုတ်ပြီးပြန်ရောင်းကြနဲ့သိပ်ပြီးအဆင် ပြေကြတာပေါ့ သို့သော် အဲဒီအချိန်အခါက ကားကအခုလက်ရှိကားအရေအတွက်ထက် အများကြီး လျော့နဲပါတယ် ရောင်းတာကလဲခွဲတန်းနဲ့ ဆိုတော့အပြင်ကို ရောက်လာတဲ့ဆီကလဲနဲပါသေးတယ် ဒါတောင်ဖြစ်လိုက်ပြီဆိုထိန်းမနိုင်အောင်ဖြစ်တာလေ အခုက….. လောင်စာဆီကိုနိုင်ငံတော်ကပုဂ္ဂလိကကိုလွှဲပေးလိုက်ပါပြီ ဓာတ်ဆီကိုုနိုင်ငံတော်ကသတ်မှတ်ဈေးနဲ့ရောင်းပေးပြီး ိ ပုဂ္ဂလိကကိုပြန်ရောင်စေပါတယ် အရင်ကလိုဘဲကားတန်းကြီးပြန်ဖြစ်လာပါတယ် အရင်ထက်ပိုထူးတာက ဈေးကွက်စီးပွားရေးအရ ်ထုတ်ပြီးရင်ထပ်ထုတ်လို့ရပါတယ် ဒီကြားထဲ အရင်ထက်ပိုထူးလာတာက ဆိုင်ကယ်တွေပါ တနေ့တနေ့တန်းစီနေတဲ့ဆိုင်ကယ်တွေဆိုတာမိုးမလင်းသေး ဘူး ၂ ပြလောက်ဖြစ်နေပြီ ကားတစီးဓာတ်ဆီ ၄ ဂါလံပေးပါတယ် ထုတ်ပြီးတဲ့ကားကကားတန်းအနောက်ကနေထပ်ပြီးတန်းစီ ထပ်ထုတ်လို့ရပါတယ် ကားတစီးကို ၆ […]