myuemyueApril 11, 20111min36316
မိဘဆိုတာ ကိုယ့်သားသမီးလေးတွေကို ကျန်းမာရွှင်လန်းနေတာပဲ အမြဲမြင်ချင်တတ်ကြတာ သဘာဝပါ… ကိုယ့်သားသမီးလေးများ နေထိုင်မကောင်းဖြစ်ရင် စိတ်ပင်ပန်းဆင်းရဲရတာလဲ မိဘတွေပဲပေါ့… ကလေးတွေမှာ ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကိုမှ သယ်ဆောင်ပျံ့ပွားစေတဲ့ ခြင်တွေကတော့ မိဘတွေအတွက် အကြီးစားရန်သူပေါ့… သန့်ရှင်းလှပါတယ်ဆိုတဲ့ ဒီစင်္ကာပူမှာတောင် သွေးလွန်တုပ်ကွေးရောဂါ လုံးဝပပျောက်အောင် တိုက်ဖျက်နိုင်ခြင်း မရှိသေးပါဘူး… အဲဒီတော့ သယ်ဆောင်သူခြင်တွေကို နှိမ်နင်းနိုင်ဖို့ အရေးကြီးပါတယ်… ခြင်နှိမ်နင်းရေးနဲ့ပါတ်သတ်ပြီး အရမ်းလွယ်ကူတဲ့နည်းလေးတစ်ခု email ကတဆင့် ဖတ်လိုက်ရလို့ ဘာသာပြန်ပြီး မျှဝေပေးချင်ပါတယ်… ခြင်တွေကိုနှိမ်နင်းဖို့က ခြင်ဥတွေကို ပိုးလောက်လန်းဘဝတောင် ရောက်ခွင့်မရအောင် ဖျက်စီးပစ်နိုင်ရင် အကောင်းဆုံးပေါ့… ခြင်ဥတွေက ရေထဲမှာရှိနေတတ်တာမို့လား… ဘုရားပန်းအိုးတို့ စားပွဲတင်ပန်းအိုးတို့ကတော့ ခြင်တွေရဲ့ ဂေဟာပေါ့… ဒီနည်းလေးက လွယ်သလောက် ငွေကုန်ကြေးကျလည်း သက်သာပါသေးတယ်… စင်္ကာပူပိုက်ဆံ 1 cent coin လေးတွေကို သိကြမှာပေါ့… […]