မြန်မာတို့၏သမိုင်းကောင်းဗိသုကာသို့မဟုတ်ပုံရိပ်သမိုင်းရှင်မှာ ဗိုလ်ချုပ်အောင်ဆန်းသာလျှင်ဖြစ်သည်၊ဗိုလ်ချုပ်သည်ခေတ်တစ်ခေတ်၏ဆန္ဒနှင့်အညီပေါ်ပေါက်လာသော လူထုခေါင်းဆောင်ဖြစ်သည်၊အနော်ရထာ၊ဘုရင့်နောင်၊အလောင်းဘုရားတို့သည်မြန်မာ့သမိုင်း၏ဗိသုကာများမဟုတ်ပါ၊လူထုလူတန်းစားများကိုကိုယ်စားပြုသည့်လူထုခေါင်းဆောင်များလည်းမဟုတ်ပါသမိုင်းတွင်သက်ဦးဆံပိုင်ပဒေသရာဇ်များဖြစ်ကြသည်၊ ပဒေသရာဇ်များသည် ကိုယ်ကျိုးစီးပွားကိုကာကွယ်ရန် စစ်ခင်းသည် သိမ်းပိုက်သည်၊ ခေတ်သစ်မြန်မာနိုင်ငံကိုမွေးဖွားသူများ မဟူတ်ကြပါ၊သမိုင်းတွင်ကောင်းကွက်တစ်ခုတော့ရှိကောင်းရှိမည် သို့သော်လူထုလူတန်းစားမျာအတွက်မဟုတ်ပါ၊ ပဒေသရာဇ်များခေတ်တွင်ပြည်သူသည် ကျေးကျွန်ဖြစ်ပြီး လူထုခေါင်းဆောင်များအတွက်မူ ပြည်သူများက စစ်မှန်သော အာဏာပိုင်ရှင်များဖြစ်ကြသည် လွန်စွာကွာခြားပါသည်၊ ထိုပဒေသရာဇ်များခေတ် ဘုရင်ကိုသတ်လျှင် ဘုရင်ဖြစ်သော အမွေဆိုးကြောင့် လက်ဦးသူဘုရင်ဖြစ်လာသည်၊အရည်အချင်းညံ့ဖျင်းသောကြောင့် ထိုဘုန်းရှင်ရူး ကံရှင်ရူးတို့၏လက်ထက်တွင် တိုင်းပြည်နှစ်ပေါင်း120 ကျွန်သားပေါက်ဘဝသို့ရောက်ရသည်၊ ယခုမြန်မာပြည်သည် လွတ်လပ်သော တိုင်းပြည်အဖြစ် ရပ်တည်နေပါသည်၊ တပ်မတော်သည်ဦးဆောင်ပြိး အသက်သွေးချွေး များစွာစွန့်လွှတ်စတေားကာ လူထုလူတန်းစားများနှင့် လက်တွဲပြီး အတူတိုက်ပွဲဝင်ခဲ့သည်၊ ထိုလွတ်လပ်ရေးတိုက်ပွဲဝင် တပ်မတော်အား အနော်ရထာ ဘုရင့်နောင် အလောင်းဘုရား စသည့်ပဒေသရာဇ် သက်ဦးဆံပိုင်များ မဖွဲ့စည်းခဲ့ပါ၊ လွတ်လပ်ရေး တိုက်ခဲ့သော တပ်မတော်သည် လူထုလူတန်းစားများဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့ပြိး ပြည်သူ့အမှုကိုထမ်းရွက်သော ြပြည်သူ့သားပြည်သူ့အမှုထမ်းများဖြစ်သည်၊ သက်ဦးဆံပိုင်အာဏာရှင်တို့၏ အမှုကိုထမ်းရသော အာဏာပါးကွပ်သားများ မဟုတ်ပါ၊ ထိုတပ်မတော်မှာ […]