NovyJanuary 15, 20135min40831
နေပြည်တော်မှာရှိတဲ့ ဆာဖာရီတရိစာ္ဆန်ဘေးမဲ့ဥယျာဉ်ကိုအလည်ရောက်ခဲ့ပါတယ် ရုံးပိတ်ရက်ဖြစ်နေတော့ လူတွေတော်တော်များပါတယ် ဥယျာဉ်ထဲကို ဝင်ဖို့ ကားလက်မှတ်ဝယ်တဲ့နေရာမှာ လူတွေ၂၀ဝလောက်ရှိတယ် ကားစောင့်နေကျတာ ဂိတ်ကိုမေးလိုက်တော့ လူစာရင်း အရင်ပေးထားပါတဲ့ ဘယ်လိုကာမျိုးစီမှာလဲတဲ့ တစ်ယောက်ကို ၂၀၀ဝ နဲ့ အများစီးတဲ့ဘစ်ကားရှိသလို ၂၀၀၀ဝ ကနေ 40၀၀ဝ အထိစင်းလုံးငှားတဲ့ ကားေတွေလည်းရှိတယ်တဲ့ နိုဗွီတို့ကလူငါးရောက် ဆိုတော့ ဘယ်ကားရရ စီးပါ့မယ် မြန်ရင်ပြီးရောလို့ပြောပြီးစောင့်နေရပါတယ် တစ်နာရီလောက်စောင့်လိုက်တော့ ကိုယ်နံမည်ခေါ်သံကြားရပါတယ် သွားမေးတော့ ၂၅၀၀ဝ တန်း ရစီးကားရမယ်တဲ့ လိုက်မယ်ဆိုရင် လက်မှတ်ဖြစ်ပါတဲ့ ကျေးဇူးတင်စွာနဲ့လက်မှတ်ဖြတ် ခဏနေတော့ ကားရောက်လာတယ် ကားတွေအားလုံးကိုတော့ အပြင်ကနေသံဇကာနဲ့ ကာထားပါတယ် တရိစာ္ဆန်တွေကို ဒီအတိုင်းလွတ်ထားတာဆိုတော့ လူတွေကို အန္တရယ်ပြုမှဆိုးလို့ပါတဲ့ ကျားတွေ ခြင်္သေ့တွေကိုတော့ ၂ထပ်သံတံကားကြီးတွေ ၂ဆင့်ပိတ်ထားပါတယ် ကားလာမှ တံကားတွေကို ဖွင့်ပေးပါတယ် ကားဝင်ပြီးတာနဲ့ တံကားကချက်ချင်းပိတ်ပါတယ် ကျားတွေခြသေ့င်္တွေထားတဲ့တောထဲကို […]