မနေ့က ရုံးဆင်းတော့ စီးတော်ဂျစ်ဝပ်ရှော့ ရောက်နေလို့ တက္ကစီလေးငှားပြီး အေးအေးဆေးဆေးအိမ်ပြန်မယ်စိတ်ကူးနဲ့ ချယ်ရီကားလေးငှားပြီးအိမ်ပြန်လာတယ်ပေါ့ ကားပေါ်ရောက်တာနဲ့ ကားဆရာကိုယ်တော်ချောက တစ်ခြားကားတွေကို ကျော်တာခွတာ စတော့တာပါပဲ လမ်းပေါ်က လူတွေကိုလည်းတိုက်တော့မလို့ ပွတ်ကာသီကာပေါ့ မနိုကဖြေဖြေမောင်းပါဟယ် အန္တရာယ် များလို့ပါလိုပြောတော့ ကျွန်တော်က ပါရမီကာကြီးတွေမောင်းနေတာ ဒီလောက်တော့ရှိမှာပေါ့တဲ့ ဆက်ပြောပါသေးတယ် ဒီလို့မောင်းတက်အောင် 14နှစ်သားထဲက ဘတ်(စ)ကားသမားတွေဆီမှာ သင်လာတာတဲ့ ပြောလို့မရတာနဲ့ပဲ မျက်လုံးမှိတ်ထားလိုက်တယ် ကိုယ်စီးနေတာ ကားလား မြန်နှုန်းမြင့် ရိုလာကိုစတာလားလိုတောင် ပြန်စဉ်စားနေရတယ် ဒါနဲ့မျက်လုံးပြန်ဖွင့် ပြီး ကားခုံခါးပတ်ပဲ ပတ်ရမလိုလို ကားတံခါးလော့ပဲချရမလိုလို ဘေးနားမှာချထားတဲ့ မှောက်နေတဲ့ထမင်းခြင်ပဲ ကိုင်ထားရတော့မလိုလို ဘာလုပ်ရမှန်းတောင် မသိတော့ဘူး ဒါနဲ့ပဲ ရင်တွေကတုံ လာပြီး ဘာလုပ်ရမှန်း မသိတာနဲ့ ဘုရားစာတွေပဲရွတ်နေမိတယ် ကုသိုလ်တော့ အတော်ရလိုက်တယ် ဦးထောင်ဘို့အဝိုင်းကိုလည်း တန်းစီကာတွေကို မစောင့်ပဲနဲ့ လမ်းပြောင်းပြန် […]