စိန်ကဲ ကျောက်ကဲတွေထက် လူကဲခတ်ရခက်တယ်ဆိုတဲ့ စကားကြားဖူးခဲ့ပေမယ့် လက်တွေ့မကြုံတော့ပေါ့တီးပေါ့ပျက်ပဲ လူကဲခတ်ဖို့လည်း စိတ်မဝင်စားခဲ့ပါဘူး ။ ကိုယ်တိုင်နှဖူးတွေ့ ဒူးတွေ့ကြုံတော့မှသာ နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့ စကားပုံလေးကို ပြေးသတိရမိပါတော့တယ် ။ နှုတ်က ထွက်သမျှ လေဖြစ်တာဆိုတော့ လူတွေ နှုတ်ကို စောင့်စည်းရမှန်း သိပ်မသိကြဘူး ။ လွယ်လွယ်ကတိတွေပေး ၊ လွယ်လွယ်ပြောကာ ၊ ပေးတဲ့ ကတိကိုလည်း လွယ်လွယ်ဖျက်တတ်ကြတယ် ။ ကျွန်မက ရွှတ်နောက်နောက် ပျော်ပျော်နေတတ်ပေမယ့် မဖြစ်နိုင်တဲ့ မတည်နိုင်တဲ့ နှုတ်ကတိမျိုးဆို မပေးတတ်ပါဘူး ။ တစ်ခုခုကို ကြံရွယ်ပြောဆိုမိပြီးလျှင်လည်း မဖြစ်ဖြစ်အောင်လုပ်တတ်တာကြောင့် တခြားလူတွေလည်း ဒီလိုပဲလို့စိတ်ထဲ ထင်မှတ်ထားခဲ့တာပါ ။ ကိုယ့်အတွေးနဲ့ ကိုယ် ကယ်လ်စန်ကွေကာ သောက်နေတုံးခွက်လုပြေးတဲ့ အမျိုးသမီးတစ်ယောက်ကြောင့် ကျွန်မအတွေးတွေ ပျက်ဆီးခဲ့ရတယ် ။ […]