“သန်းမေ ထ… ထ…” “ဟင်… အင်း… ဟီး… ဟီး…” သန်းမေက တစ်ဖက်သို့ လှည့်ကာ ပြန်အိပ်၏။ “သန်းမေ ထတော့လေ။ အောင်ထူးတို့တောင် သွားကြပြီ” “ငါ နေမကောင်းဘူး သန်းမောင်” သန်းမေ နဖူးကို သန်းမောင် စမ်းကြည့်သည်။ ကိုယ်တွေပူနေသည်။ အမေကလည်း မရှိ။ ပြန်မလာသည်မှာ နှစ်ရက်ရှိပြီ။ အမေက ဒီလိုပဲ အိမ်မှ နှစ်ရက်သုံးရက် ပျောက်သွားတတ်သည်။ အမေ မရှိလျှင် သန်းမောင်တို့ မောင်နှမ နှစ်ယောက် လမ်းကြိုလမ်းကြား လျှောက်ကာ တွေ့သမျှ ပုလင်းခွံတွေ၊ စက္ကူကတ်ထူ အတိုအစတွေ ကော်တွေ ကောက်ရောင်းရကာ ကိုယ့်ဝမ်းရေးကိုယ် ဖြေရှင်းရသည်။ အမေ ပြန်ရောက်လာလျှင်တော့ ငယ်သေးသော သန်းမောင်က သန်းမေနှင့် လိုက်စရာ မလိုတော့ပေ။ အိမ်မှာပင် […]