etoneJuly 16, 20102min35710
****ဗုဒ္ဓဘား**** ခေတ်မှီတယ်တဲ့ ဘာလဲ……… ကိုးကွယ်မှုက ယမကာဆိုင်လေ….။ ငြိမ်းချမ်းတယ်တဲ့ ဘုရားရှင်မျက်နှာတော် ဖျော်ဖြေမှုလား…..။ ဝါဒတွေ မတူပေမယ့် ဒါကိုတော့ ချမ်းသာပေးပါ….။ ကိုယ်လုပ်ချင်တိုင်း ဖြစ်တယ်ဆိုရင် ကန့်တော့ဗျာ မနှိုင်းကောင်းနှိုင်းကောင်း ကိုယ့်အမေကို ပြန်ယူကြပါလား။ ကျွန်တော်ကဗျာရိုင်းသွားရင်ခွင် ့လွှတ်ပါဗျာ။ဒီအကြောင်းရေးချင်တာကြာပြီ။ကဗျာလေးပဲရေးပြီးမှတ်စုထဲသိမ်းထားရတာ။ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ဒီနာမည်စကြားတော့က အစပ်အဟပ်မတဲ့သလို ဖြစ်နေတာ။ကိုယ်ယုံကြည်တဲ့ အလေးအမြတ်ထားတဲ့ဘုရားရှင်ရဲ့နာမည်ကို ဘုရားတားမြစ်တော်မူတဲ့ ယမကာနဲ ့တွဲဖက်တွေ့ရတော့ ရင်ထဲကသိကအောင့်ဖြစ်တယ်ဗျာ။စတွေ့တာကရန်ကုန်ကတည်းကလွန်ခဲ့တဲ့၈နှစ်ဝန်းကျင်ရှေ့ဆောင်ရုပ်ရှင်ရုံအောက်က လန်ဒန်မြူးဇစ်ခွေရောင်းတဲ့ဆိုင်မှာအဲဒီတုန်းကEnyaခွေဝယ်ဖို့သွားတာ။ဟိုဒီရှောက်မွှေရင်းနဲ့BuddhaBarChillout ဆိုတဲ့နာမည်နဲ့ခွေသုံးလေးခွေသွားတွေ့ရတယ်။နောက်တော့ဒူဘိုင်းရောက်ပြီးမှဗုဒ္ဓဘားဆိုတာ အရက်ဆိုင်နာမည်ဆိုတာသိရတယ်။ဗုဒ္ဓဘားစတင်ထူထောင်သူကတော့RaymondVisanဆိုတဲ့ပြင်သစ်နိုင်ငံသားပါ။ ၁၉၉၆ခုနှစ်လောက်မှာစတင်ပြီးဗုဒ္ဓဘားကိုဖွင့်ခဲ့တယ်။အခုဆိုရင်ဗုဒ္ဓဘားဆိုတဲ့နာမည်နဲ့ကမ္ဘာအဝှမ်းမှာဖွင့်နေကြပါပြီ။ ဒီနေရာတွေက ကျွန်တော်သိသလောက်ပြောရရင်- – Boissy-d’Anglas street, France – Beriut, Lebanon – Dubai, U.A.E – Cairo – Kiev, Ukraine – Sao Paolo, Brazil – […]