တကယ်ကသည်အကြောင်းကိုရေးဖြစ်သင့်တာကြာပြီ... အပျင်းထူနေတာရော..တခြားထမင်းကျွေးတဲ့အလုပ်နဲ့ဆိုင်တာတွေဖတ်ဖြစ်နေတာကများနေတာ ရောကြောင့်ပါ... ခုတလောOutsourcingနဲ့ပါတ်သတ်တဲ့အသံတွေကျယ်ကျယ်လောင်လောင်ပြန်ကြားနေရတာကြောင့် ရယ်ရေးဖြစ်သွားတယ်ထင်ပါတယ်.. Marketing Mgmt; Asian Perspective 5th ထဲမှာလည်း outsourcingအကြောင်းတွေပါတယ်ဗျ... case studyပုံစံမျိုးတွေ ပေမယ့် outsourcing ဟာbusiness မှာဘယ်လောက်အရေးပါတယ်ဆိုတာ မီးမောင်းထိုးတားသလိုပါပဲ... အဲ့သည့်Outsourcingကို သရုပ်ခွဲကြည့်ရအောင်.. 1.1 Definition လွယ်လွယ်ပြောရရင် အဖွဲ့အစည်းတခုခုက သူတို့ရဲ့ business functionတစိတ်တပိုင်းကို အပြင်ကိုအငှားချပြီး လုပ်ခိုင်းတယ်ပေါ့ဗျာ...ကိုယ်တိုင်ဆော်မယ့် business functionကိုတော့ inhouse လို့သုံးပြီး အပြင်ထုတ်အငှားချတာကိုတော့ outsourceလို့သုံးစွဲကြပါတယ်.. သည်နေရာမှာတင် outsourcing ကို၂မျိုးခွဲလို့ရသွားတယ်... 1.1.1 Hiring ကာလတခုသတ်မှတ်ပြီး သက်ဆိုင်ရာ professionalတွေကိုစာချုပ်နဲ့ငှားပြီး ကိုယ့်အလုပ်ခွင်ကို လာရောက်လုပ်ကိုင်စေခြင်း နဲ့ 1.1.2 Contracting သက်ဆိုင်ရာ professional တွေရှိတဲ့ အဖွဲ့အစည်းကို အလုပ်အပ်ခြင်းတို့ပါပဲ... အလုပ်အမျိုးအစား.. […]