ဒီနေ့ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှာ စစ်တဗိုင်းအစိုးရ ဂေါင်းဇောင် ဦးသိန်းစိန်အစိုးမရ လူမှုအဖွဲ့အစည်း ၈၆ဖွဲ့ကို ခေါ်လေဖောတာနဲ့ ပတ်သက်လို့ ဗကသအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်များရဲ့ တုံ့ပြန်ချက် ဖတ်ရတယ်။ အတိုချုပ်ရင် ဗကသကို ရန်ကုန်တိုင်းအုပ်ချုပ်ရေးရုံးက နိုင်ငံတော်အဆင့် စည်းဝေးပွဲ ဖိတ်တယ်။ ဗကသခေါင်းဆောင်တွေသွားတယ်။ ၈၈မျိုးဆက်အဖွဲ့ တက်ပုံမရဘူး။ ဟိုကြတော့ ဓာတ်ပြားဟောင်းဖွင့်တယ်၊ ခရိုနီနဲ့သာကူးတွေက ကျေးဇူးတင်တယ်။ ဗကသနဲ့ အတိုက်အခံ ပြောမည့်သူ ခြောက်ယောက်လောက်က အချိန်မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြောခွင့်မရဘူး။ နားလှည့်ပါးရိုက် ခံလိုက်ရတယ်။ ဗကသအဖွဲ့က ပြန်လာတော့ နောက်တခါ မလိမ်ညာဖို့ သတိပေးတယ်၊ သို့ပေသိ ကိုယ့်ကို ဟိုကရိုက်ပြီးသွားပြီ။ ခေါ်တိုင်းမသွားကြပါနဲ့၊ စစ်တပ်ရဲ့ နည်းပရိယာယ်မှာ ထင်ရှားတဲ့ အတိုက်အခံ အဖွဲ့အစည်း လူပုဂ္ဂိုလ်များကို နှိမ်ချဆက်ဆံ နိုင်ငံရေး အမြတ်ထုတ်လေ့ရှိတယ်။ တွေ့တဲ့အခါ […]