BurmaSeptember 16, 20101min1530
ဒယ်တာယူနိုက်တက်အသင်းသည် ယနေ့ 15.9.2010 တွင် ကစားခဲ့သော VIVA FC နှင့်ပြိုင်ပွဲတွင် 2-1 ဂိုးနှင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။ ဒယ်တာယူနိုက်တက်သည် ယနေ့ပွဲတွင် အဓိကကစားသမားများကိုအနားပေးထားပြီး အရန်များဖြင့်သာ ကစားသွားကြောင်းတွေ့ရသည်။ ယခုပွဲတွင် ပထမပိုင်းတွင်သာ ဒယ်တာသည် အကောင်းဆုံးပုံစံဖြင့်ကစားနိုင်ခဲ့ပြီး 2 ဂိ်ုး ဆက်တိုက်သွင်းနိုင်ခဲ့သည်။ ယင်းဂိုးများကို ပွဲချိန် ၂၆ မိနစ်တွင် မင်းမင်းထွန်းက လည်းကောင်း၊ ပွဲချိန် ၃၆ မိနစ်တွင် စိုင်းသန်းအောင်က လည်းကောင်း သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ချမ်းချမ်းအား လူစားလဲခဲ့ပြီး ဒုတိယပိုင်းတွင် ဒယ်တာယူနိုက်တက်ခြေစွမ်းမှာ သိသိသာသာ ကျဆင်းသွားပြီး VIVA ကိုခက်ခက်ခဲခဲ ကစားခဲ့ရသည်။ VIVA အသင်းမှ ရှေ့တန်းတယောက်အား ဖျက်ထုတ်မှုနှင့် VIVA အသင်းမှ ပင်နယ်တီရခဲ့သည်။ ထိုဂိုးကို အမှားအယွင်းမရှိ […]


BayoteApril 29, 20101min2051
Soccer Myanmar မှ စီအီးအို ဦးခင်မောင်ကြိုင် အတည်ပြု ပြောကြား သတင်း ကမော္ဘဇ အသင်း၏ စီအီးအို ဖြစ်သူ ဦးခင်မောင်ကြိုင်က ဒယ်လ်တာ နည်းပြချုပ် ဦးဆန်းဝင်းကို အသင်းသို့ ခေါ်ယူလိုကြောင်း အတည်ပြု ပြောကြား သွားခဲ့သည်။ “ဆန်းဝင်း အနေနဲ့ ကျွန်တော်တို့ ဆီကို လာချင် နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း သူ့လို နည်းပြမျိုးကို အသင်းအတွက် ခေါ်ချင်ပါတယ်။ ဒါပေမယ့် သူ့ကို ဒယ်လ်တာ အသင်းနဲ့ ပြီးပြတ်အောင် ရှင်းလင်းပြီးမှ လာဖို့ ပြောထားပါတယ်။ ဟိုဘက် အသင်းနဲ့ လုပြီး ယှဉ်ပြိုင် ခေါ်ရတဲ့ ကိစ္စမျိုး ကျွန်တော်တို့ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းမှာ ပြည်တွင်းကရော […]


BayoteApril 3, 20101min2241
ယနေ့ မန္တလေး ဗထူးကွင်း မှာ ပရီမီယာကော်ဖီပိုင် Delta United နဲ့ စစ်ကိုင်း ဇေယျာရွှေမြေတို့ တွေ.ပါပြီ။ ဇေယျာရွှေမြေ အသင်းဟာ ယခုရာသီသစ်မှာ ပွဲတိုင်း နိုင်ကစားထားပြီး Delta ကတော့ တစ်ပွဲနိုင် တစ်ပွဲရှုံး ကစားထားပါတယ်။ Delta ကတော့ ဗထူးကွင်း မှာဆို ကံကောင်းတတ်ပါတယ်။ အမှတ်များကို ဗထူးကွင်းက ယူသွားတာ တွေ့ရပါတယ်။ ပရိတ်သတ်ကတော့ ဇေယျာရွှေမြေ ကပိုများမှာပါ။ ပြီးတော့ ဇေယျာရွှေမြေ က အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေကလည်း ခြေစွမ်း ပြခဲ့ပါတယ်။ ရတနာပုံကို အိမ်ကွင်း မှာ အပြတ်ချေမှုန်းခဲ့တာကို ကြည့်ခြင်းအားဖြင့် Delta အတွက်မလွယ်လှပါဘူး။ Delta ကတော့ သရေကို အတတ်နိုင်ဆုံး ကစားရမှာပါ။ ကံကယ်ယင်တော့ Delta အတွက်နိုင်ပွဲ […]