Mon LayJuly 24, 20184min1380
အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးမြင့် ကွယ်လွန်ပြီး တစ်နှစ်ကျော်အကြာတွင် ဂုဏ်ပြု သည့်အနေဖြင့် ရန်ကုန်တက္က သိုလ် ပင်လုံဆောင်၌ ၎င်း၏ပုံတူ ရုပ်တုကို ထားရှိခဲ့တယ်လို့ 7days မှာဖတ်လိုက်ရပါတယ်။ တကယ်ကိုဂုဏ်ယူစရာကောင်းတဲ့ ပါပါကြီးပါ။ ပါပါကြီးဆိုတာ မွန်လေးတို့ရဲ ့ပါချုပ်ဖြစ်ခဲ့လို့ပါ။ 😜😜 ဒေါက်တာမျိုးမြင့်နှင့်တွေ့ဆုံပုံ မွန်လေးဆယ်တန်းအောင်တော့ အမှတ်ကောင်းတယ်။ တက္ကသိုလ်တက်မယ်ရွေးတော့ တက္ကသိုလ်အများစုက မြို့ပြင်မှာ  ချည်းပဲ။ မွန်လေးကအဝေးကြီးမသွားနိုင်တော့ မြို့တွင်းဆိုလို့ဆေးကျောင်း (အမှတ်မမှီ)၊ BBM (စီးပွားရေးမလုပ်ဘူးဆိုပြီး မတက်)၊ နောက်ဆုံး UFL ရောက်ရော။ အဲမှာ ပါပါကြီးနဲ့တွေ့တာပဲ။ ဒါပေမဲ့ ပထမနှစ်က သူနဲ့မတွေ့သေးဘူး။ အဲတော့ ကျောင်းကိုပြေးလို့ကောင်းတာပေါ့။ တက္ကသိုလ်ပဲလေ နောက်မှသူများဆီကစာမေးလည်းရတာပဲဆိုပြီး ရုပ်ရှင်ကြည့်တယ်။ သီချင်းတွေသွားဆိုကြတယ် သယ်ရင်းတွေနဲ့။ ဒုတိယနှစ်လည်းရောက်ရော အဲ့ပါပါကြီးက ပါမောက္ခချုပ်နေနဲ့ရောက်လာရော။ ပျော်ရွှင်မှုတွေပျောက်ဆုံး။ 😣 […]