Zaw WonnaApril 18, 20111min2652
ကမ္ဘောဒီးယား နိုင်ငံတွင် ပြီးခဲ့သော အပတ်က ဆင်နွှဲခဲ့ကြသည့် ခမာ နှစ်သစ်ကူးပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၅၈ ယောက် သေဆုံးခဲ့ကာ ၄၈၄ ယောက် ဒါဏ်ရာရရှိသွားကြောင်း သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၃ ရက်မှ ၁ရ ရက်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၂၁၁ ခု ဖြစ်ပွားခဲ့ပြီး အရှိန်ပြင်းစွာ မောင်းနှင်ခြင်းကြောင့် ၃၃%၊ ပေါ့ဆမှုကြောင့် ၂၆%၊ အရက်သောက်ပြီး မောင်းနှင်ခြင်းကြောင့် ၂၀% နှင့် ကျန်အမှုများမှာ ယာဉ်စည်းကမ်း မလိုက်နာမှုကြောင့် ဖြစ်သည်။ ယမန်နှစ်က ခမာနှစ်သစ်ကူး ပွဲတော်ရက်အတွင်း လူပေါင်း ၄၉ ဦး သေဆုံးခဲ့ကာ ၅၃ဝ ဦးဒါဏ်ရာ ရရှိခဲ့ကြသည်။ ယာဉ်မတော်တဆမှုသည် ကမ္ဘောဒီးယားနိုင်ငံတွင် HIV/AIDS ပြီးနောက် ဒုတိယ အကြီးမားဆုံး […]