ဒီပိုစ့်ကို မရေးချင်ဖူးးးး မရေးချင်ပါဖူးးး… လုံးဝကို မရေးချင်ပါဖူးးးး… ခုတော့.. ခုတော့ ရေးရတော့မယ်… မဆက်ဆံချင်တဲ့ အရာတွေ မဖြစ်စေချင်တဲ့ အရာတွေနဲ့မှ ဆိုက်ဆိုက်မြိုက်မြိုက်ဖြစ်ရ ကြုံရ ဆုံရ တတ်တယ်ဆိုတဲ့အတိုင်းပါပဲ … တလောကမှ ဖုန်းမှာ PUK code lock ကျတဲ့အကြောင်း စာလေးရေးပြီးတင်မိပါတယ်… ခုတော့ ဖုန်း (Handset) ပါ လုံးလုံး ပျောက်သွားပါပြီကောလားကွယ် … အချိန်က ဖေဖော်ဝါရီလ ၁၆ ရက် ညနေဆည်းဆာချိန်ခါဝယ် … ဘယ်မှာပျောက်တာလဲဆိုရင် ရန်ကုန်မြို့ ရဲ ့ အသည်းနှလုံး ရင်ခုန်သံတို့ဆုံဆည်းရာ ချစ်သူတို့ ပျော်ရွှင်ရာ လူကြီး လူငယ်အရွယ်စုံ သွားလာကြတဲ့ အချစ်ကမ္ဘာ အင်းယားကန်ဘောင်ကြီးမှာပဲ ဖြစ်ပါတော့တယ်…. ကိုယ်ဒွေသွားတာကတော့ သူငယ်ချင်းတစ်သိုက်နဲ့ပါ … မုန့်တွေစား […]