Zaw WonnaSeptember 24, 20111min3122
ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့၏ ၁၅% မှာ အစာရေစာ ရှားပါးမှုနှင့် ကြုံတွေ့နေရချိန်တွင် ၂၀% သော လူသားတို့မှာ အာဟာရ လွန်ကဲခြင်း၏ အကျိုးဆက်ကို ခံစားနေကြရသည်။ ယမန်နှစ်က လူသား သန်း ၁၅၀ဝ ကျော်မှာ အန္တရာယ်ရှိသည့် အဝလွန်သော အခြေအနေတွင် ၉၂၅ သန်းသော လူသားများမှာ အစာရေစာ ဝလင်အောင် မစားရသော အနေအထားတွင် ရှိကြောင်း ကြက်ခြေနီအဖွဲ့၏ ကမ္ဘာတစ်လွှား ဘေးအန္တရာယ်ဆိုင်ရာ အစီအရင်ခံစာတွင် ဖော်ပြထားသည်။အဆိုပါ ကိန်းဂဏန်းများမှာ ကမ္ဘာကြီး အနေဖြင့် လူသား အားလုံးအတွက် လုံလောက်သော အစားအစာကို ထုတ်လုပ်ပေးနိုင်သော်လည်း လူသားများမှာ ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရမြဲ ဖြစ်ကြောင်း ထိတ်လန့်ဖွယ်ရာ ဖော်ပြချက်အဖြစ် ကြက်ခြေနီအဖွဲ့မှ ပြောဆိုခဲ့သည်။ ကလေးသူငယ် သုံးသန်းခန့်မှာ အစာရေစာ ငတ်မွတ်မှုကြောင့် […]