qa.jpg

zoxnetApril 30, 20101min2551
အလုပ်ကိစ္စတစ်ခုကြောင့် ကျွန်တော် Kingdom of Saudi Arabia(K.S.A) နိုင်ငံကို သွားခဲ့ရပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ (K.S.A) သံရုံးမရှိသေးတော့ ကျွန်တော်တို့ (K.S.A) ဗီဇာကို Thai နိုင်ငံ Bangkok မြို့မှာသွားယူရပါတယ်။ ခရီးစဉ်အစအဆုံးကို ရန်ကုန်မှာရှိတဲ့ အေးဂျင့်တစ်ခုကို အပ်လိုက်တာပါ။ အေးဂျင့်ရဲ့ ပိုင်ရှင်နဲ့ကလည်း နဂိုကတည်းက ခင်မင်မှုရှိနေတာကတစ်ကြောင်း၊ သူကလဲ (K.S.A) ကိုသွားဖို့ကိစ္စရှိနေတယ်ဆိုတော့ အဖော်လဲရတယ်ဆိုပြီး အပ်ဖြစ်သွားတာပါ။ သူကပဲ Thailand Visa ကိစ္စ၊ (K.S.A) ဗီဇာကိုစ္စ၊ ရန်ကုန်- ထိုင်း -(K.S.A) အသွားအပြန်လေယာဉ်လတ်မှတ်ကိစ္စ အားလုံးကို တာဝန်ယူထားပါတယ်။ (စားစရိတ်၊ နေထို်င်စရိတ်မပါ။) ရန်ကုန်ကနေ ထိုင်းကိုကျွန်တော်တို့ Thai Air Asia စီးသွားပါတယ်။ လေယာဉ်ပေါ်မှာစားဖို့ ဒံပေါက်ထုတ်လေးတွေကို ကိုယ်စီကိုယ်စီ […]