kaiFebruary 15, 20101min1592
ဒီနေ့ ဖေဖေါ်ဝါရီ ၁၅ရက် မနက်အီးမေးလ်ဖွင့်တော့ တွေ့ရတဲ့ ကဗျာလေးတပုဒ်ပါ။ အင်တာနက်ထုံးစံအတိုင်း ဖေါ်ဝဒ်တွေလုပ်လာတာမို ့ရေးသူက ဘယ်သူလည်း မသဲကွဲပါဖူး။အင်တာနက်မှာ ဂိုဂယ်ရသလောက်တော့ ရေးသူဟာ “ဟယ်ရီလွင်” ဆိုပါတယ်။ ဘိုဆန်ဆန် ကဗျာနံမယ်လေးပေါ့..။အောက်မှာ ကဗျာ တင်ပေးလိုက်ပါတယ်။ ကဗျာက အနုပညာပါ ..လှလွန်းတယ်ထင်ပါတယ်။ ဒါပေမဲ့..ဒီကဗျာဖတ်မိပြီး အတွေးထဲမှာ စီကာဆင့်ကာ ပေါ်လာတာတွေအများကြီးပါပဲ။ ဖေဖေါ်ဝါရီ ၁၂ ကပြည်ထောင်စုနေ့၊ ၁၃ ကဗိုလ်ချုပ်အောင်ဆန်းမွေးနေ့။ ၁၄ က ချစ်သူများနေ့၊ ဒီနေ့ ၁၅ ရက်နေ့ကတော့(အမေရိကန်ပြည်ထောင်စုမှာ) သမ္မတကြီး ဝါရှင်တန် မွေးနေ့ အထိမ်းအမှတ်နဲ့ သတ်မှတ်ပေးတဲ့ သမ္မတများနေ့ ဆိုပါစို့။ ( ဖေဖေါ်ဝါရီရဲ့ တတိယပါတ် တနလာင်္နေ့)။ ကြားထဲဒီနှစ်က ထူးခြားတာရှိပါသေးတယ်။ ဒီနှစ်ရဲ့ ချစ်သူများနေ့က တရုတ်လုနာ(Lunar) နှစ်ဆန်းတရက်နေ့ ဖြစ်နေပါတယ်။ […]