ကျွန်တော် ဒီအကြောင်းအရာအတွက်

ကြို မစီစဉ်ခဲ့ဘူး

မစီစဉ်ခဲ့ဘူး ဆိုလို့ ၊ စီစဉ်ခဲ့ဘူးလားလို့ လဲ စောဒက မတက်ပါနဲ့ 

ကျွန်တော် ဘာကိုမှ မရည်ရွယ်ခဲ့ဖူးဘူး

ရည်ရွယ် ဆိုလို့  သူ့ အနောက်မှာ ဦး ဆိုတဲ့ နာမည် သုံးလုံးနဲ့ ကောင်မလေး နဲ့ တော့

ကျွန်တော် တွေ့ ခဲ့ဖူးတယ် ။(စကားချပ်)

ကာရံ ညီမှ ဆိုတာ ကျွန်တော့်မှာ မရှိဘူး

ဒါလုပ်မှ ထမင်းစားရမယ် ဆိုရင် ၊ ငတ်လို့ သေတဲ့ မသာစာရင်းမှာ ကျွန်တော့်နာမည် ကို ထည့်ရေးပါ

ကျွန်တော် အခုမှ မက်မောတပ်မက်တဲ့ လွတ်လပ်ခြင်း အတွက်

ကျွန်တော် လုပ်ယူခဲ့တာမဟုတ်ဘူး

ကျွန်တော် ဖတ်ပြီး မကြိုက်ခဲ့တဲ့ စာတွေ အတွက်

ကျွန်တော် ဘယ်သူ့ ဆီကမှ အလျော်မတောင်းခဲ့ဘူး

ခင်ဗျား အခု ဖတ်နေတဲ့ စာကတော့

ကျွန်တော် ကြောင်သွားပြီ ဆိုတဲ့ သက်သေပြချက်တစ်ခု ဖြစ်ရင်ဖြစ်နိုင်တယ်

၇သိန်းကျော်နေပြီ ဆိုတဲ့ ရွှေဈေးဆိုတာ ကြားဖူးရုံဘဲ ရှိတဲ့ကောင်

ကျေးဇူးပြုပြီး မလေးစားလိုက်ပါနဲ့ ၊ တပည့်လို့ မထင်ရင် ကျေနပ်ပါပြီ

သားများတော့ အဖေသေ ဆိုတာ ကျွန်တော် မထွင်ခဲ့ဘဲ သုံးနေကြ စကား

စကားမစပ် လမ်းတွေကောင်းလာတာတော့ ကြည့်ရင်မြင်မှာပါ

လမ်းလျှောက်ရင် ဖိနပ်စီးသွားတာ ပိုကောင်းမှာပါ

ကျွန်တော် က ကျွန်တော်နေထိုင်တဲ့ ရေအိုင်ကို သမုဒ္ဒရာလို့ မပြောဘူး

ဒါပေမယ့် ဒီရပ်ကွက်ကလူတွေ အထာကျတာကိုတော့ သတိထားမိတယ်

ပေးဆပ်ခြင်း ဆုံးရှုံးခြင်း ရယူခြင်း အောင်မြင်ခြင်း ဆိုတာ

ပါရီမီ ဘက်စ်ကားပေါ်က ဖြစ်ရပ်တွေနဲ့ တော့ အကုန်မတူဘူး

ကြီးကျယ်စွာပြောရရင် ဆိုမာလီ မှာ လဲ အဲ့အတိုင်းဘဲ

ဟိုဘက်ရပ်ကွက် မှာ လဲ ဒီလေရှူရတာပါဘဲ မလား

ဘေးနား ပိုက်ဆံလာတောင်းတဲ့ ခလေး ကို ကြည့်တော့

သူ့ ခွက် က စတိန်းလက်စတီး ဆိုတာ တွေးမိသွားသေးတယ်

လမ်းတကာ လည်နေတဲ့ အလှူခံတွေ လည်း ခြေမညောင်းဘူးလား တွေးမိသေးတယ်

ထူးအိမ်သင်ကတော့ လမ်းဘေးကဖေးကလေး မှာ သူထိုင်ငေးသွားကြောင်း ဆိုခဲ့တယ်

ကျွန်တော် လဲ ပြန်ဖို့ ၊ နံရံက နာရီ ကို လှမ်းကြည့်လိုက်မှ

ဒါဟာ ကိုချိုကြီးရဲ့ လဘက်ရည်ဆိုင်မဟုတ်ဘူး ။

……………………………………………………….

ကျေးဇူးတင်ပါသည် ။

About မောင် ပေ

မောင် ပေ has written 396 post in this Website..