အခုတလော နေမင်းက အတော်ပူပြင်းနေပါတယ် … ပိတ်ရက်ဆိုရင် အိမ်ထဲကနေ တစ်ဖ၀ါးတောင်မှ မခွာချင်ဘူး … ပူလွန်းလို့ ဦးနှောက်တွေအရည်ပျော်ပြီး ဘာအိုင်ဒီယာမှလဲ စဉ်းစားလို့မထွက်ပြန်ဘူး … ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားရင်း ကွန်ပျူတာစားပွဲဘေးကနေ တစ်ချိန်လုံးကျွန်မကိုကြည့်ပြီး အစာတောင်းနေတဲ့ ငါးကလေးတွေကို ထိုင်ငေးနေမိတယ် …

အိုး .. ဒီလောက်လှတဲ့ မော်ဒယ်လေးတွေအိမ်ထဲမှာတင်ရှိနေတာပဲနော် … ဓါတ်ပုံရိုက်အုန်းမှလို့ အကြံရသွားတယ် … ဒီကောင်တွေကို ကျွန်မအဖေမွေးထားတာ တော်တော်ကြာပါပြီ … ၇ နှစ်လောက်တောင် ရှိပြီထင်ပါတယ် … တစ်ကောင်သေသွားရင် တစ်ကောင်သွားဝယ်ပြီး ပြန်ထည့်လေ့ရှိတာမို့ သူတို့အသက်အတိအကျကိုတော့ သေချာသတိမထားမိဘူး … ၂ နှစ်အတွင်းမှာ တစ်ကောင်မှ မသေသေးတာကိုတော့ သတိထားမိတယ်။

သူလေးက ဒါ့ပုံရိုက်ရတာကြိုက်တယ်

မျက်နှာကို အနီးကပ်စွဲလိုက်တော့ ၀ါးတားတားဖြစ်သွားတယ်

ငြိမ်ငြိမ်နေပေးပါဆိုတာ ပြောလို့မရဘူး ...

ကင်မရာရှေ့ကို သူချည်းပဲ ရောက်ရောက်လာတယ်

သူက အကြီးဆုံးကောင်

အငြိမ်မနေနိုင်ကြသူများ

အမြဲတမ်း ဗိုက်ဆာနေကြတဲ့ကောင်တွေ

သူတို့နှစ်ကောင်ကဆင်တူ (ညီအစ်ကိုလားမသိဘူး )

အစာတောင်းနေတာ ..

ရေမှုန်လေးတွေကြောင့် အမြင်အေးစေတယ် ..

ပါးစပ်ပေါက်ကြီးတွေက အကျယ်ကြီးပဲ

မျက်နှာချင်းဆိုင် နှုတ်ဆက်နေကြတာ

သူ့အရောင်က ဓါတ်ပုံမစားဘူး ...

ဒီကောင်က အစားပုတ်တယ်

သူကတော့ ဒါ့ပုံရိုက်ရတာကို ပျော်တယ်တဲ့ ..

ဒါ့ပုံရိုက်ဖို့ အကြံကုန်လာတော့ အိမ်ထဲကငါးကိုပဲ မော်ဒယ်လုပ်လိုက်ပါတယ် … Diskette လို့ခေါ်တဲ့ အဲဒီငါးလေးတွေကို အလှမွေးကြတယ် .. အရွယ်အစားက အခုမြင်ရတဲ့ပုံတွေက အကြီးဆုံးအနေအထားပါပဲ … အဖေ၀ယ်ထားတဲ့ကောင်တွေက အထီးတွေချည်းပဲလား ဒါမှမဟုတ် အမတွေချည်းပဲလားတော့မသိဘူး … ၇ နှစ်အတွင်း တစ်ခါမှ အကောင်ပေါက်တာမတွေ့ရဘူး … တစ်နေ့တစ်နေ့ စားလိုက် ချီးပါလိုက်နဲ့ပဲ ငါးကန်ကျဉ်းကျဉ်းလေးထဲမှာ အကျဉ်းကျသလိုနေနေရတဲ့ သူတို့လေးတွေရဲ့ဘ၀ကိုမြင်တွေ့ရတာ သနားဂရုဏာသက်မိတယ် …

ငါးကလေးကိုရိုက်ရတာ ခက်ပါတယ် … သူတို့ကလဲ ငြိမ်ငြိမ်မနေ … ရေကလဲလှုပ် .. လက်ကလဲလှုပ်တာမို့ ဒါ့ပုံတွေက အပြင်မှာမျက်စိနဲ့မြင်ရသလောက် မလှဘူး … ဒါ့ပုံဆြာ ဆရာသော့ကို သေချာမေးပြီး ရိုက်ထားပါသော်လည်း စိတ်တိုင်းမကျသေးဘူး … ဆြာ့ ဆြာတွေရဲ့ အကြံပေးမှုကို လိုချင်လို့ ပို့စ်တင်လိုက်ပါတယ် .. ဝေဖန်အကြံပေးကြပါလို့ ….

ဆရာကိုစိန်သော့ရဲ့ အကြံပေးချက်များကို ကျေးဇူးတင်ပါတယ် …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....