♦ “နိုင်ငံတစ်နိုင်ငံမှာ လူနဲ့မူ ဘယ်ဟာ ပိုအရေးကြီးလဲ လို့ မေးကြတယ်။ ကျွန်မ ပြောမယ်နော် ၊ မူက အရေးကြီးတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ မူက လူတွေကို ထိန်းထားလို့ရတယ်။ မူမကောင်းရင် တော့ ကောင်းတဲ့သူတွေတောင် ပျက်စီးကုန်မယ်”

ဒေါ်အောင်ဆန်းစုကြည်
(နွားထိုးကြီးမြို့နယ် လူထုဟောပြောပွဲ)

မူကောင်းလို့ကောင်းကြေးဆို လူဦးရေးအများဆုံး ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ဘာတွေဖြစ်နေကြလဲ? .. ပညာတတ်တွေ တအားပေါတဲ့နိုင်ငံမှာ ဘာတွေဖြစ်နေကြလဲ? မူကောင်းကြေးဆိုရင် ဘာ ဆိုရှယ်လစ် ၊ ဘာကွန်မြူနစ် ၊ ဘာ ဒီမိုကရေစီမှမလိုဘူးလို့ထင်တယ်။ ဂေါတမ ဘုရားရှင်ဟောထားတဲ့ “ကိုယ်ချင်းစာတရား” ဆိုတာလေးတစ်ခုတည်း မူအနေနဲ့ထားပြီး လိုက်နာပြီးနေထိုင်ကြည့်လိုက်။ သားပုမြင်တာကတော့ မူကောင်းဖို့ လိုသလို အဓိက ပဓာနကျတာ မူထက် လူက ပိုပြီးအဓိကကျတယ်။ အဲ့ဒိ ကိစ ကိုနယ်ပြန်တော့ အဖွားကိုပြောကြည့်တော့ အဖွားက သူဖတ်ဖူးတဲ့ ဗမာ့ Socialism စာအုပ်တစ်အုပ်လုံး အစအဆုံးဖတ်ပြီးတော့ ကြည့်လိုက်တော့ Socialist လမ်းစဉ်ဟာ သောတာပန်တွေ လမ်းစဉ်ဖြစ်တဲ့အတွက် အလွန်ကောင်းမွန်တဲ့အကြောင်းပြောပြတယ်။ ဒါပေမဲ့ ခဏအတွင်းမှာ မကောင်းတဲ့သူတွေကြောင့် စုတ်ပြတ်သတ်သွားပါတယ်။ အဲ့လိုပဲ ပြည်တော်သာစီမံကိန်းဆိုတာကလဲ ခလေးအငိုတိတ်အောင် ပြတဲ့ ဖိုးလနတ်သားလိုပါပဲ။ ဘယ်လိုပဲ စီမံကိန်းတွေ ချချ။ ဘယ်လောက်ပဲမူက ကောင်းနေခဲ့ ၊ မကောင်းတဲ့လူတွေကြောင့် ပျက်စီးသွားရတာပါပဲ။ ဒါ့အပြင် မူဆိုတာ လူက ချမှတ်တာပါ။ ကောင်းတဲ့လူတွေရှိမှ ကောင်းတဲ့မူဆိုတာ ဖြစ်လာနိုင်တာမဟုတ်ပေဘူးလား? ယခင် အညိုရောင်နယ်မြေ မှာ Communist ခေတ် (ကျွန်တော့မွေးရပ်က ယခင် အဲ့လိုပါ) မှာဆို မဟုတ်တာလုပ်ခဲ့ရင် ၊ ယုတ်ဆွ ကောင်မလေးတွေကိုနှောင့်ယှက်လို့ တိုင်ခဲ့ရင်တောင်  ကိုယ့်ကျင်းကိုယ်တူးပြီး တူးပြီး ဂေါ်နဲ့ခေါင်းကိုရိုက်ပြီး တစ်ခါတည်းသတ်ပစ်ခဲ့ပါတယ်တဲ့။ ကျည်တောင်မသုံးပါဘူး။ ကျည်အကုန်မခံနိုင်လို့တဲ့။ အဲ့လိုခေတ်မှာတောင် ခိုးဆိုးပျက်စီး ခဲ့ကြတာပဲ။ ဆရာဆရာမတွေကို စေတနာ ၊ အနစ်နာ ၊ မေတာနဲ့သင်ကြားပေးဖို့ ပြောတယ်။ အဲ့စေတနာတို့ မေတာတို့ဟာ လူက လာတာပါ။ မူက လာတာမဟုတ်ပါဘူး။ ဆရာဆရာမတွေ ကိုရိုက်နှက် ၊ ဥပဒေ ပြဌာန်းပြီးသင်ခိုင်းလဲ ၊ မေတာနဲ့မသင်တတ်တဲ့ဆရာမက ဘယ်လိုမှ မသင်ပါဘူး။ ဒါဟာ လူတစ်ဦးတစ်ယောက်က လာတာပါ။ မူက လာတာမဟုတ်ပါဘူး။ ခုလိုခေတ်ကြီးမှာ ကောင်းတဲ့လူတွေရှိမှ ကောင်းတဲ့မူလမ်းစဉ်ကိုလိုက်ပြီး တိုင်းပြည်ကို ကောင်းကောင်းမွန်မွန် အုပ်ချုပ်နိုင်မှာပါ။ အဲ့တော့ သားပုအမြင်မှာ မူ ဆိုတာကောင်းဖို့လိုသလို (ပြောရရင် မူတိုင်းကောင်းကောင်းရေးကြတာပါပဲ) ၊ လူတွေကောင်း ဖို့လိုအပ်တယ်လို့ထင်ပါတယ်။

အမြင်လေးတွေ ဆက်လက် ပြောပြပေးပါ။

T.P

About Burma

သားပု has written 46 post in this Website..