မကွေးမြို့နယ်NLD မှ ခွပ်ဒေါင်းကြီးဖြင့် `အမေစု´ကိုစောင့်ကြိုနေ

winkyawaungMarch 24, 20121min1125



၂၃-၃-၂၀၁၂ နေ့ နံနက်(၇)နာရီမှစ၍ မကွေးမြို့နယ်NLD ပါတီအောင်နိုင်ရေးအဖွဲ့မှ (NLD ပါတီတံဆိပ်၊ ခွပ်ဒေါင်းကြီးနှင့်ကြယ်ဖြူပါ) အလျားပေ(၂၀)၊ အမြင့် (၈) ပေရှိ ရွှေရောင်ခွပ်ဒေါင်းရုပ်ကြီး နှင့် အလျား(၈)ပေ၊ အမြင့်(၄)ပေရှိ ခွပ်ဒေါင်းရုပ်တင်ဆောင်ထားသော ကားနှစ်စီးဖြင့်အတူ မော်တော်ယာဉ်အစီး(၁၅)စီး၊ မော်တော်ဆိုင်ကယ်များအစီး(၃၀)ခန့် သည် မကွေးမြသလွန်ဘုရားသို့သွားရောက်ပူဇော်ကြသည်။ ထိုမှ မြို့ဟောင်းရပ်ကွက်၊ ဈေးလယ်စိုးရပ်ကွက်၊ ဆုံရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ကံသာ၊ မြင်သာရပ်ကွက်၊ ရန်ပယ်ရပ်ကွက်များမှ လမ်းမကြီးများနှင့် မကွေးမြို့တွင်းသို့ NLD ပါတီအောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းကြသည်။ မကွေးမြို့နယ်NLD ပါတီ မှ ကြားဖြတ်ရွေးချယ်ပွဲတွင် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံမည့် ဦးမြင့်သိန်း၏ ကိုယ်ရေးကျဉ်း ပန်းဖလက်များဝေငှခြင်း။ NLD ပါတီအောင်နိုင်ရေးသီချင်းခွေများ၊ တီရှပ်များ၊ စတေကာများ၊ ခေါင်းစည်းများ၊ NLD ပါတီတံဆပ်ပါ အလံ အမျိုးမျိုးတို့အား ရောင်းချဝေငှနေကြောင်း မြင်တွေ့ရ၏။
` ဒီ ခွပ်ဒေါင်းကြီးနဲ့အတူ ၂၇-၃-၂၀၁၂ နေ့မှာ မကွေးမြို့ကို ရောက်လာမဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် “အမေစု´´ကို လူထုအင်အားအပြည့်နဲ့ ကြိုဆိုဖို့ ကျွန်တော်တို့စီစဉ်ထားကြပါတယ်။ အမေစု မလာခင် ဒီနေ့မတ်လ(၂၃)ရက်နေ့ကနေ မတ်လ(၂၆)ရက်နေ့အထိ နေ့စဉ်၊ နေ့တိုင် မကွေးမြို့ထဲမှာ NLD ပါတီအောင်နိုင်ရေးအတွက် လှည့်နေကြမှာပါခင်ဗျာ..´ ဟု စည့်းရုံးရေးဆင်းနေတဲ့ လူငယ် ကိုအောင်လွင်မှပြောပါသည်။
၂၇-၃-၂၀၁၂ နေ့တွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အတွက် ဟောပြောစည်းရုံးရန်နေရာ မရရှိသေးကြောင်း ကြားသိရ၏။ ` မမေစု လာရင် ဟောပြောဖို့နေရာကို ယနေ့အထိ သက်ဆိုင်ကအကြောင်းမပြန်သေးဘူး။ သက်ဆိုင်ရာက ဟောပြောပွဲမလုပ်ခင် (၄၈) နာရီမှ ကြိုတင်ပြောမယ်လို့ သိရတယ်။ ဒီလောက် နေရာကျယ်ကျယ် ဧရိယာကြီးကို ဒီလိုအချိန်တိုလေးအတွင်း ပြင်ဆင်ရမှာဆိုတော့ တော်တော်ဒုက္ခရောက်ကြတာပေါ့ဗျာ..။ ဘယ်နည်း ဘယ်ပုံဖြစ်ဖြစ် အဆင်ပြေအောင်တော့ ကြိုးစားသွားကြမှာ..´ ဟု လူငယ် ကိုအောင်လွင်မှ ဆက်လက်ပြောဆို၍ သတင်းရယူခဲ့ပါသည်။ ၂၃-၃-၂၀၁၂ နေ့ည(၈)နာရီသတင်းမှာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အတွက် ဟောပြောစည်းရုံးရန်နေရာ ကို သက်ဆိုင်ရာမှ ကွန်ပျူတာတက္ကသိုလ်နှင့် ကျန်းမာရေးတက္ကသိုလ် နှစ်ခုကြားက ချောက်တောကြီးထဲမှာ ပေးထားတယ်လို့သိရပါတယ်။ အဲဒီနေရာကို မကျင်းပလိုကြပါဘူး။ ဒါကြောင့် မကွေးမြို့မှ ရေနံချောင်း၊ နတ်မောက်အထွက်လမ်းပေါ်က မကွေးမြို့နဲ့ သုံးမိုင်ခွဲဝေးတဲ့ နေရာကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။ အဲဒီနေရာက NLD အဖွဲ့ကို အလှူရှင် ယာခင်းပိုင်ရှင်များမှ နေရာပေးးထားတဲ့ ကံလှကျေးရွာ နှင့် နတ်ကန်ကျေးရွာကြားက ယာခင်းများ ကွင်းပြင်တွင် ကျင်းပနိုင်ကြရန် ဆောင်ရွက်နေတယ်လို့ ကြားသိရပါ၏။

5 comments

  • winkyawaung

    March 24, 2012 at 9:51 am

    ၂၃-၃-၂၀၁၂ နေ့မှာ ခွပ်ဒေါင်းကြီး မကွေးမြို့ထဲသို့ လှည့်လယ်နေစဉ် လက်ကိုင်ဖုန်းများတွင် ( မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှတ်ထွက်သွားတယ်) လို့ မက်စေ့များ ဝင်နေတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ကတော့ ညနေ(၄း၃၀) အထိ မကွေးတိုင်ဒေသကြီး အစိုးရအဖွဲ့ ရုံးမှာ ရုံးတက်နေကြောင်း သတင်းရရှိပါတယ်။

  • ကြောင်ကြီး

    March 24, 2012 at 10:03 am

    ခွပ်ဒေါင်းကြီး
    ခွပ်ဒေါင်းကြီး
    ဝန်ဂျီးချုပ်ကိုစီး
    ဒက်ကလုပ်
    ဒက်ကလုပ်
    မြင်းမဟုတ်
    ဝန်ချုပ်အလုပ်ပြုတ်၊
    အမေစုရောက်လာ
    တိုင်းပြည်သာ
    မကွေးကစမှာ
    အဲဒီနောက်ပိုင်း
    ပြည်ရွာသိုင်း
    ဒီမိုကရေစီလှိုင်း..။

  • Phaung Phaung

    March 24, 2012 at 10:52 am

    ဦးကြောင်ကြီးရဲ့ ကဗျာက ကောင်းလှချည်လားဗျို့………

  • cobra

    March 24, 2012 at 2:00 pm

    ဦးကြောင်ကြီးကဗျာကမိုက်လှချည်လား
    သင်ပေးပါလား ကဗျာစပ်တတ်အောင်။

  • Thel Nu Aye

    March 24, 2012 at 2:17 pm

    “ ဒေါ်အောင်ဆန်းစုကြည်ပြည်သူလူထုနှင့်တွေ့ဆုံမည့်နေရာကို မကွေးတိုင်းဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့် အဖွဲ့မှယနေ့သတ်မှတ်ပေးမည်ပြောပြီး ယခုအချိန်ထိသတ်မှတ်မပေးကြောင်း သိရှိရပါသည်။ နောက်ပြီး ဦးဘုန်းမော်ရွှေပြောကြား သည့်ဒေါ်အောင်ဆန်းစုကြည်ဟောပြောမည့်နေရာကို သတ်မှတ်ပေး ရန်ပြောကြားသောအခါဘယ်သင်ချိုင်းမှာသွားလုပ်လုပ်လိုုု့ ့ ပြောကြားတာကိုပြည်သူလူထုမှမခံရပ်န်ိုင်ကြောင်းမကွေးမြို ့ခံများက ပြောပါသည်။ ” လူကမွေးပြီး လူလိုမပြောတာဂွကျတယ်။

Leave a Reply