မော်ဒယ်ဘ၀ကနေ သရုပ်ဆောင်ဘ၀ကို ကူးပြောင်းလာခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းဟာ အခုဆိုရင် မက်လောက်စရာစီးရီးထဲက မက်လောက်စရာ၊ ကမ်းခြေ၊ ပြန်တော့ကွယ် တေးသီချင်းတွေနဲ့အတူ အခုလောလောဆယ်လူကြိုက်များနေတာတွေ့ရပါတယ်။ ဒါ့အပြင် လမ်းဆုံစီးရီးထဲက အပြစ်မမြင် တေးသီချင်းကလည်း ၀ိုင်းစုရဲ့ အနုပညာလမ်းကြောင်းမှာ မှတ်တိုင်တစ်ခုဖြစ်သွားနိုင်တယ်လို့ ဆိုရမှာပါဘဲ။ အခုလက်ရှိမှာ ဇာတ်ကားတွေရိုက်ဖျော်ဖြေပွဲတွေ သီဆိုရင်း စုံတွဲ ခွေတွေမှာလည်း ၀ိုင်းစုမပါရင် မဖြစ်တဲ့ အခြေအနေဖြစ်လို့နေပါပြီ။

ဝိုင်းစုခိုင်သိန်းတစ်ယောက် ဒီအောင်မြင်မှုကိုရဖို့ ဘယ်လိုအချိန် ကစတင်ကြိုးစားခဲ့ရသလဲဆိုတော့ –

အနုပညာလောကထဲစပြီး ၀င်ခဲ့တဲ့ခုနစ်က ၂၀၀၄ခုနှစ်ကုန်လောက်ကပေါ့နော်။ချစ်ချစ်နဲ့သူငယ်ချင်းနှစ်ယောက်ဗီဒီယို ဇာတ်ကားနဲ့   စပြီး ရောက်လာခဲ့တာပါ။ စပြီးဝါသနာပါခဲ့တာကတော့ ဂီတပိုင်းကိုပါ။ ဒါပေမယ့်အရင်လုပ်ဖြစ်တာကတော့ သရုပ်ဆောင် အလုပ်ကိုပေါ့သရုပ် ဆောင်လုပ်ရင်းနဲ့၂၀၀၆လောက်မှာ ကိုဆောင်းဦးလှိုင်ရဲ့ လက်တွဲခေါ်မှုနဲ့အတူ ကောင်မလေးတစ်ယောက် အကြောင်းသီချင်းမှာ ပါဝင်သီဆိုခဲ့ရပါ တယ်။ဝိုင်းစုကအစကတည်းကဂီတပိုင်း မှာ ၀ါသနာပါတယ်ပြောထားတော့လေ ကိုဆောင်းဦးက ၀ိုင်းစုကို ဗီစီဒီခေါ်ရိုက် ရင်းအသံစစ်ဖြစ်တာ။ ကောင်မလေးတစ် ယောက် အကြောင်းဆိုဖြစ်သွားတာပေါ့ နော်။အဲဒီလိုနဲ့အဆင်ပြေသွားတာပါ။ ပရိုဂျူ ဆာတွေလည်း သဘောကျသွားတာပေါ့။ အဲဒါတွေကတော့ စပြီးလုပ်ဖြစ်ခဲ့တဲ့ အပိုင်းတွေပါ။ ဂီတရော၊ သရုပ် ဆောင်ရောနှစ်ခုလုံးကို ရူးသွပ်ခဲ့တာဆိုတော့ နှစ်ဖက်လုံးမျှအောင် ၀ိုင်းစုလုပ်တယ်။ အဓိကကတော့ ၀ိုင်းစုတစ်ကိုယ်တော် စီးရီးအတွက်လည်း ကြိုးစားခဲ့ပါတယ်။ ၂၀၀၉မှာ မက်လောက် စရာစီးရီးထွက်တော့ အားလုံးကသင်ပေးကြတယ်။ ဒီခွေမတိုင်ခင်စိုင်းစိုင်းခမ်းလှိုင်နဲ့လိပ်ပြာဝှက်တမ်းဇာတ်ကားရိုက်တော့ ၀ိုင်းစု ဆိုထားတဲ့ ချစ်ခဲ့တာလား၊ ရူးခဲ့တာလား သီချင်းကဇာတ်ဝင်သီချင်းအဖြစ် ပါတယ်။ အဲဒီတုန်းကလည်း ဘယ်သီချင်းကို ဘယ်လိုဆိုရမလဲ ၀ိုင်းစုသိပ်မသိသေးဘူး။ ၀ိုင်းစုရဲ့ ဆရာ ကိုဆောင်းဦးလှိုင်က သင်ပေး တယ်။စိုင်းစိုင်းကလည်းသင်ပေးတယ်။ဘယ်သီချင်းကို ဘယ်လို သြသိ သုံးရမလဲဆိုတာ သိသွားတာပေါ့ နော်။ အဲဒီလိုနဲ့ ၀ိုင်းစုရဲ့ တစ်ကိုယ်တော် စီးရီးမက်လောက်စရာကို ကြိုးစားခဲ့ပါတယ်။

အနုပညာသင်ယူလေ့လာမှုနဲ့ပတ်သက်ပြီး –

ဝိုင်းစုအခုလောလောဆယ်တော့လေ။ ဂီတတူရိယာတစ်ခုကို သင်ဖို့ကြိုးစားနေပါတယ်။ ဂစ်တာဖြစ်ဖြစ်၊ ပီယာနိုဖြစ်ဖြစ်ပေါ့။ ဒါတွေက ဂီတကို အများကြီး အထောက်အကူပေးတယ်လေ။ ဂစ်တာတီးပြီး သီချင်းတွေဆိုဖို့ ကြိုးစားမှာပါ။ ၀ိုင်းစုကတော့ မြင်မြင်သမျှလေ့လာတယ်။ အပြင်မှာ ဘယ်သူတွေက ဘယ်လို ကာရိုက်တာရှိမယ်။ ဘယ်လိုစရိုက်တွေရှိမယ်ဆိုတာ မှတ်ထားတယ်။ အဲဒီလိုကာရိုက်တာနဲ့ သရုပ်ဆောင်ရဖို့ တိုက်ဆိုင်ပြီဆိုရင် နီးစပ်အောင် ပြန်အသုံးချ တယ်။အတတ်နိုင်ဆုံး သဘာဝနဲ့ နီး အောင်သရုပ်ဆောင်တယ်။ အရမ်းကြီးကွဲထွက်သွားအောင်သိပ်မလုပ်ဘူး။ သဘာဝကျအောင် ကြိုးစားပြီးလေ့လာပါတယ်။

အသားအရေအလှအပကို သူမဘယ်လိုထိန်းသိမ်းသလဲဆိုတော့ –

အခုတော့ ၀ိုင်းစု Lotion ပဲ လိမ်းဖြစ်တယ်။အရင်က ၀ိုင်းစုပေါင်းသွားတင်တယ်။ အခု သိပ်မတင်ဖြစ် တော့ဘူး။ အရင်ကဆို တစ်လတစ်ခါ နှစ်ပတ်တစ်ခါ ပေါင်းတင် တယ်။ နယ်ခရီးတွေနေရတော့ သိပ် မလုပ်ဖြစ်တော့ဘူး။

ဝတ်စားဆင်ယင်မှုအပေါ်မှာတော့-

ဝိုင်းစုကတော့ လူကြီးလူငယ်ကြားချပြီးမြင်ပါတယ်။တချို့ လူငယ်လေးတွေမှာလည်း ၀တ်တာနည်းနည်း လေး တစ်မျိုးဖြစ်တာတော့ရှိကြပါတယ်။ တချို့ လူကြီး ပိုင်းမှာလည်း ပြောင်းလဲလာတဲ့ ခေတ်ရေစီး ကြောင်းကို အမြင်မပြောင်းလဲနိုင်ဘူးပေါ့နော်။ ခုနပြောသလို ၀ိုင်းစုကတော့ နှစ်ခုလုံးကို ကြားချပြီး ကြည့် စေချင်တယ်။ လူကြီးတွေ အနေနဲ့ကလေးတွေ ၀တ်စားတာကိုနည်းနည်း နားလည်ပေးစေချင်တယ်။ လူငယ်တွေကလည်း မရိုင်းဘဲနဲ့ ခေတ်နဲ့အညီ အပျံစားဝတ်စားလို့ ရပါတယ်။ ခေတ်စကားနဲ့ပြောရရင် အရမ်းကြီးလန်ထွက်နေအောင် ၀တ်စရာမလိုပါဘူး။ ကိုယ့်မှာ စတိုင်လ်ရှိအောင် ၀တ်လို့ရတယ်လို့ ၀ိုင်းစုပြောချင်ပါတယ်။

အတိုက်အခိုက်များအတွက် –

အနုပညာလောကတစ်ခုတည်းမှာမဟုတ်ပါဘူး။နေရာတိုင်းမှာကြုံရပါတယ်။ စိတ်မထားတတ်တဲ့လူတွေ လုပ်ကြတဲ့အလုပ်ပါ။ ကိုယ်ကကြိုးစားလေး ပိုတိုက်ခိုက်ကြ လေပဲပေါ့နော်။ အဲဒီလိုအချိန်မှာ ကြံ့ကြံ့ခံနိုင်ဖို့ အရေးကြီးပါတယ်။ ၀ိုင်းစုကို ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက်၊ ၀ိုင်းစုမျှော်မှန်းတဲ့ပန်းတိုင်ကို ၀ိုင်းစု ရောက် အောင် ကြိုးစားတယ်။ ၀ိုင်းစုအလုပ်ကိုပိုလုပ်တယ်။ဝိုင်းစုအတွက် ဒီအနုပညာ ကအဓိကပဲလေ။ ခုနက ပြောသလိုဝိုင်းစုဘာကိုမျှ ခေါင်းထဲမထည့်ဘူး။ ၀ိုင်းစုအလုပ်ကိုပဲ ခေါင်းထဲထည့်ပါတယ်။ အဓိကကတော့ ကြံ့ကြံ့ခံနိုင်ဖို့ပါပဲ။

မန္တလေးပရိသတ်အတွက်တော့ –

ဝိုင်းစုကောင်မလေးတစ်ယောက်အကြောင်းထွက်ပြီးတဲ့ အချိန်ကစပြီး နှစ်ခါသုံးခါလောက် ဖျော်ဖြေဖူးတယ်။ မန္တလေးပရိသတ်က အရမ်းချစ်ဖို့ကောင်းတယ်။ သူတို့က ချစ်ရင်လည်း အရမ်းချစ်ကြတာ။ အရမ်းလည်း ဖော်ရွေတယ်။ဝိုင်းစုတို့က ပရိသတ် အားပေးမှ ဖျော်ဖြေ ရတာပိုအားရှိတာလေ။ မန္တလေးပရိသတ်က အရမ်း အားပေးတော့ အဲဒီကိုဖျော်ဖြေဖို့ သွားရင်လေ အရမ်းအားတက်တယ်။ အခုနောက်ပိုင်း သွားဆိုဖြစ်ရင် ၀ိုင်းစု မက်လောက်စရာ ခွေထဲကသီချင်းတွေဆိုရင် မိန်းကလေးတင်မကဘူး။ ယောက်ျားလေးတွေပါ လိုက်ဆို ကြတာ။ဝိုင်းစုဆိုလေအရမ်းအံ့သြတယ်။သီချင်းအအေးတွေရော၊ အမြူးတွေရော လိုက်ဆိုကြ တယ်။ဝိုင်းစု မန္တလေးပရိသတ်ကြီးကိုကျေးဇူးလည်းတင်တယ်။ နောက်လည်းအားပေးပါဦးလို့ ပြောချင်ပါ တယ်။ ကိုယ့်ဒေသမဟုတ်ပေမယ့်လည်း ကိုယ်မရင်းနှီးတဲ့ဒေသ ဖြစ်ပေမယ့်လေ၊ သူတို့အားပေးတာကို ကြည့်ပြီးဝိုင်းစုကိုယ်ဝိုင်းစု မန္တလေးသူတစ်ယောက်၊ ကိုယ့်အိမ်ကိုယ်ဒေသ လို့တောင် ခံစားရတယ်။ ၀ိုင်းစု ဆက်ကြိုးစားဖို့လည်း အင်အားတွေရှိလာတယ်။ အရမ်းကျေးဇူးတင်မိပါတယ်။

ဝိုင်းစုခိုင်သိန်းဟာ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ကားကြီးအနေနဲ့ ကြိုးကြာတောင်ပံ ခတ်သံ၊ သမုဒယဆိုတဲ့ဇာတ်ကားနှစ်ကားမှာလည်း ပါဝင်သရုပ်ဆောင် ရိုက်ကူးနေတယ်လို့ သိရပါတယ်။

About Dave

Dave Avatar has written 73 post in this Website..