လု ၊ လူ ၊ လူး

 

မန္တလေးဂေဇက်မှ သူကြီးနဲ့ ရွာသားများ ကျန်းခန့်သာလို့မာကြပါစ။

 

တို့များ ရေးလိုက်တဲ့ နေရာတစ်နေရာ အတွက် အနည်းငယ်ပြန်ရေးလာတဲ့ မှတ်ချက်လေးတွေဖတ်ပြီးသကာလ အတွေးတွေပြန့်လာခဲ့တယ်။

လူ  ကိုယ်ချစ်ရတဲ့ သူ အတွက် အတ္တကို ဦးစားပေးတတ်တဲ့သဘောကို နားလည်ပေးရမလား။ အဲဒီလို လုပ်ရပ်အတွက် ကိုယ်က ၀င်ပြောဖို့ အခွင့် အရေး ရှိရဲ့လား။ ၀င်ပြောတဲ့ ကာယကံရှင်က ဘာလဲ ဆိုတာ အဓိက လား။ ဒီမေးခွန်းတွေက တို့များကို ခေါင်းနပန်းကြီးစေခဲ့တယ်။

နေရာ ဆိုတဲ့ စကားနဲ့ ဆက်နွယ်ပြီး အခွင့်အရေးဆိုတာကိုပါ တွေးမိတယ်။ တို့များ ပတ်ဝန်းကျင်မှာ မကြာခဏ ဆိုသလို ကြားရတတ် တဲ့ စကား၊ လူတော်တော်များများလည်း ကြားဖူးသလို ကိုယ်တိုင်လည်း ပြောဖူးကြမှာပါပဲ။

လူတစ်ယောက်ဟာ သိပ် အတ္တကြီးကြောင်း ထင်ထင်ရှားရှားပြုမူလာပြီဆိုရင် “သိပ်နေရာယူချင်တဲ့ သူ  သိပ်အခွင့်အရေးယူတတ်တဲ့သူ” လို့မှတ်ချက်ချ ပြောတတ်တဲ့စကားပါ။ ဒီလို မှတ်ချက်ချ ခြင်းအားဖြင့် အဲဒီလူတစ်ယောက်ရဲ့လုပ်ရပ်ကို သဘောမတူလို့ကန့်ကွက်လို့ ရှုတ်ချ တဲ့ စကားရပ်ပဲလို့မြင်ပါတယ်။

တနည်းအားဖြင့် မရထိုက် မယူထိုက်တဲ့ အခွင့်အရေးကို ဇွတ် အဓမ္မယူတဲ့ လုပ်ရပ်ဟာ အခါင့်အရေး ရသင့်သူအတွက် ထိခိုက်နစ်နာစေတယ်။ အခွင့်အရေးရသင့်သူအတွက် တရားမဲ့လုပ်ရပ်ပဲ။ ကိုယ့်ဖို့တဖို့ထဲကြည့်ပြီး မရသင့်နဲ့အရာ မယူသင့်တဲ့ အခွင့်

အရေးတွေကိုယူတတ်တဲ့ အကျင့်တွေ လုပ်ရပ်တွေ ကြောင့် တို့များမှာ တိုင်းပြည်နဲ့ချီပြီး အကြီးအကျယ် နစ်နာဆုံးရှုံးခဲ့ရတယ်။

ကိုယ့်ဖို့ပဲကြည့်ပြီး ကိုယ်ရရင်ပြီးရော ဘယ်သူတွေ ဘာဖြစ်ဖြစ် လို့ တွေးတတ် လုပ်တတ်တဲ့ လုပ်ရ့ပ်တွေကအသေးအဖွဲက ကိစ္စ က စ

လို့ ကြီးမားကျယ်ပြန့်တတ်တာ သဘာဝပဲ။ ဒါကြောင့်လည်း အမှိုက်ကစ ပြဿဒ် မီးလောင်ဆိုတဲ့ စကားပုံ ဖြစ်လာတာပေါ့။

လူ့ အတ္တစိတ် တိုတာ လူတိုင်းမှာပါလာတတ်တဲ့ မွေးရာပါ ရယူချင်စိတ် ပဲ လို့မြင်တယ်။ လူ့ စိတ်အလိုအတိုင်းသာ နေကြရရင် ဘာတွေ ဖြစ်လာနိုင်မလဲ။ လူ ဆိုတာ တစ်ဦတည်း တစ်ယောက်တည်း နေတဲ့ သတ္တ၀ါ မဟုတ်လေတော့ ကိုယ်ဖြစ်ချင် လုပ်ချင်တာ တခုထဲ ကြည့်ပြီး လုပ်လိုက်တဲ့အခါ ကိုယ့်ပတ်ဝန်းကျင်ကို ထိခိုက်မလားဆိုတဲ့အတွေး တွေးသင့်တယ်လို့ထင်တယ်လေ။ ဥပမာ ကိုယ့်အိမ်ရှေ့

ဖုန် မထ အောင် ရေပက်မယ်တိုရင်တောင် ကိုယ်ပက်မယ့်အချိန် ဖြတ်သွားဖြတ်လာ လုပ်တဲံသူ ရှိ မရှိ ကြည့်ပြီးမှ ပက်ရမှာ လူ့ဝတ္တရား။

ကိုယ့်အိမ်ရှေ့ကိုယ် ပက်တာ ပဲဆိုပြီး ပက်ချင်တိုင်းပက်လိုက်လို့ ဖြတ်သွားတဲ့သူ ကို ရေ နဲ့ ပက်မိသွားရင် ကိုယ့်အိမ်ရှေ့ပေမယ့် သူတပါးကို ထိခိုက် နစ်နာစေတယ်။ အဲဒီလို လုပ်ရပ်ကို တရားတယ်လို့ ယူဆ သလား။ ဒါဆိုရင် ဖြတ်သွားလို့ အပက်ခံ လိုက်ရတဲ့သူ

ဟာ ကိုယ်ဖြစ်နေမယ် ဆိုရင်ကော ဒီလို အပြုအမူ ကိုဘယ်လိုခံစားရမလဲ။ လူ့ကျင့်ဝတ် ဆိုတာ ကိုယ်ချင်းစာစိတ်နဲ့ ဆက်နွယ်နေတယ်

လို့ ခံစားမိတယ်။

အဲဒီ ကိုယ်ချင်းစာစိတ်ကြောင့်ပဲ တခုခု ကိုယ်လုပ်လိုက်ရင် တစ်ယောက်ယောက် ကိုများ ထိခိုက်နစ်နာလေမလား။ တစ်ယောက်ယောက်က  ကိုယ့်ကို ဒီလိုပြုမူရင် ကိုယ်ခံနိုင်မလားဆိုတဲ့ စိတ်လေးတွေက လောက ကိုအလှဆင်တာပါ။

ကိုရီးယား ဇာတ်လမ်းတွေဲကလို စိတ်ထဲကအတိုင်းလုပ်ကြည့်ရုံလေးပဲ ဆိုပြီး နောင်တ ရစရာတွေဖြစ်မှ တကယ့်ကို တောင်းပန်ပါတယ်။

ဆိုတာ ထပ်ခါ ထပ်ခါ ပြောတဲ့ ယဉ်ကျေးမှုကတော့ ကြည့်လို့ကောင်းပေမယ့် နစ်နာဆုံးရှုံးပြီးမှ သိတဲ့အသိမို့ အကျိုးပျက်စီးစေတာပဲ။

ကိုယ်ရယူချင်စိတ် ကိုယ့်ခံစားမှုအတိုင်း လုပ်တယ် ဆိုပေမယ့် သူတပါး ရဲ့ ရပိုင်ခွင့်ကို လုယူတာမျိုးကတော့ မတရားလုပ်တာပဲ။ ကိုယ်က အဲဒီလိုလုပ်တာကိုခံစားရမယ်ဆိုရင်ခံနိုင်ပါ့မလား။ ကိုယ်ချင်းစာစိတ်ဆိုတာ ဒါမျိုးကိုခေါ်တာပါ။ သူ့လက်ထဲက သူ ပိုင်ဆိုင်တဲ့ ပစ္စည်းကိုလိုချင်တာနဲ့ အတင်းလုယူတယ်ဆိုတာ မျိုးက လူ့ကျင့်ဝတ်မဟုတ်ဘူးလေ။ တိရစ္ဆာန်လောကမှာ အစာလု နေရောလုတဲ့အခါ အင်အားကြီးသူက အနိုင်ရမြဲမို့လား။ အဟိတ် တိရစ္ဆာန်လောက ရဲ့ သဘာဝပါ။ လူတွေနေထိုင်ကြတဲ့ လူ့လောက လူ့ပတ်ဝန်းကျင်မတော့ တကယ့်ကို ဆင်ခြင်ရမယ့် လူ့စည်းကမ်း လူ့ကျင့်ဝတ်ပါဘဲ။

လူတွေ ယဉ်ကျေးမှုကို ဘာလို့ သင်ယူရလဲဆိုတော့ မလုပ်သင့်  မလုပ်အပ် တာတွေကို ရှောင်ကျဉ်နိုင်ဖို့ ယဉ်ကျေးမှုကို သင်ယူကြရတယ်။ ကိုယ်လုပ်ချင်တဲ့ ဆန္ဒတခုထဲ ကိုယ့်အတ္တ တခုထဲ ကြည့်ပြီးလုပ်ချင်ရာလုပ်မယ် ဆိုရင်တော့ ကိုယ်လိုချင်ရာကို

အဓမ္မ အင်အားသုံး လုယူတတ်တဲ့ အဟိတ် တိရစ္ဆာန်နဲ့ ဘာကွာခြားတော့မှာလဲ။

လူဆိုတာ လူ့ကျင့်ဝတ် လူ့ယဉ်ကျေးမှု လူ့အသိတရားတွေနဲ့ ထိမ်းသိမ်းနေထိုင်တတ် နေထိုင်နိုင်ပါမှ လူ့လောက ကိုအလှဆင်ပေးနိုင်စွမ်း ရှိတဲ့ လူပီသ တော့ မပေါ့။

ကိုယ့်အတ္တကို ဦးစားပေးပြိး ကိုယ်မရသင့်တဲ့အရာတွေ အခွင့်အရေးတွေကို မယူကြဖို့ ထိမ်းနိုင်မယ် ဆိုရင်တော့ သင်ဟာ ဇမ္ဘူတလူမှာ

လူ လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်ပါပြီ။

 

” လူမှာအရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့အမှန်တရားကိုမြတ်နိုးမှုဘဲ ဖြစ်တယ်၊ အခြေအနေ အချိန်အခါ နေရာဌါနမရွေး မှန်တာကိုသာ ပြောဝံ့တဲ့ သတ္တိရှိရမယ်။” ( တက္ကသိုလ်နေ၀င်း ရေး ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း စာအုပ်မှကူးယူပါတယ်။)

ဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့စကားလေးပါ။

 

ဒီတော့ လောကကို အလှဆင်မယ့် လူများ လူ့အသိုင်းအ၀ိုင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာစေကြောင်းမေတ္တာပို့လျှက် ။

သူကြီးတို့အားလုံးလည်း ရွှင်လန်းချမ်းမြေ့စေကြောင်းပါ။

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။

၁၀. ၅. ၂၀၁၂

About Kyi Lwin

Kyi Lwin has written 57 post in this Website..