မင်္ဂလာ ပါလို့လှည်းနေလှေအောင်း BE ဆိုင်ပါမကျန်နုတ်ခွန်းဆက်သပါတယ်ဗျား
ကျွန်တော်ရွာစွန်ရွာဖျားမှာနေလာတာအတော်ကြာပါပြီ
စကားနည်းလို့မိတ်မဆက်မိဘူးပေါ့ဗျာ
ဒီနေ့တော့ပျင်းတာနဲ့မိတ်ဆက်ရင်းအာချောင်ချင်လာပါတယ်
ကျွန်တော်ရဲ့ဖြစ်ချင်တဲ့ဆန္ဒလေးတွေ တွေးမိတဲ့ခံစားချက်လေးတွေ ဖြတ်သန်းခဲ့ရတဲ့ဘဝလေးတွေကို
ရွာနေလူပေါင်းနဲ့မျှဝေချင်လို့ပါ
သဘောထားချင်းတိုက်ဆိုင်တဲ့သူရှိနိုင်သလို
မတိုက်ဆိုင်သူများလည်းရှိမှာပါ
မတူနိုင်တဲ့အမြင်တွေရှိနိုင်တာမို့ ဒီမိုကရေစီ
ကျကျလက်ခံထားပါတယ်
ပထမသဘောထားချင်တိုက်ဆိုင်တဲ့သူနဲ့မတိုက်ဆိုင်တဲ့သူရွေးထုတ်ပါရစေ
သဘောထားချင်းတိုက်ဆိုင်သူတွေကိုတော့ရန်ကုန်နဲ့မန္တလေးက
ဆီဒိုးနားဘေးကဆိုင်မှာဧည့်ခံချင်လို့ပါ
ကျွန်တော်အမေစုကိုထောက်ခံပါတယ်
ဘာဖြစ်လို့လဲဆိုတော့အမေစုကြောင့်ဒီတိုင်းပြည်ပြောင်းလဲခြင်းရဲ့လမ်းစကိုရောက်လာလို့ပါ
ဒါပေမဲ့အမေစုမှားရင်လည်းအားမနာတမ်းဝေဖန်အကြံပြုမှာပါ
နောက်ဒီတိုင်းပြည်ရဲ့မြေပုံကိုအဒွန့်တက်ပြီးမချဲ့ချင်ပါ မလျှော့ချင်ပါ
စစ်ပွဲတွေကိုဆန့်ကျင်ပါတယ်
ရိုဟင်ဂျာကိုနိုင်ငံသားမသတ်မှတ်နိုင်ပါ
ဒါတွေကအားလုံးဆန္ဒနဲ့ကိုက်ညီမယ်ထင်ပါတယ်
နောက်ကျွန်တော်တို့ရွာမှာရှိတဲ့သူတွေပတ်ဝန်းကျင်ကအလုပ်အကြောင်းတွေရေးစေချင်ပါတယ်
ဆိုလိုတာက တခြားလူတွေလည်းလုပ်လို့ရမဲ့စီးပွါးရေးအမျိုးမျိုးပေါ့
ဒီကလူအတော်များများဝန်ထမ်းတွေဖြစ်နိုင်ပါတယ်
ဒါပေမဲ့ပတ်ဝန်းကျင်ကမြင်သမျှကြားသမျှအလုပ်တွေကိုရေးတင်စေချင်ပါတယ်
သားသားကြီးလာရင်ဆရာဝန်ကြီးလုပ်မယ်တို့ စစ်သားကြီးလုပ်မယ်တို့တော့မပါပါ
နောက်ကမ်းကုန်လို့ရေထဲဆင်းတဲ့အကြောင်းလဲမပါပါ
သဘောက လမ်းဘေးကကွမ်းယာဆိုင် ထမင်းကြော်ဆိုင်ကအစ စက္ကူစက်
လျှပ်စစ် အထွေထွေဝန်ဆောင်မှု့အလယ်
နိုင်ငံခြားအကူအညီနဲ့လုပ်ရင်အောင်မြင်မဲ့လုပ်ငန်းတွေ
သမဝါယမလိုမျိုး အစုစပ်လုပ်ငန်းတွေ
ကိုသိရင်သိသလောက်ဖေါက်သည်ချကြစေလိုပါတယ်
စံပြရွာလေးဖြစ်စေချင်လို့ပါ
အေး ကောင်းတယ် ငါလုပ်နိုင်သားဘဲတို့
ဟုတ်ပြီ ငါတို့ပေါင်းလုပ်ကျရအောင်တို့ဖြစ်စေချင်လို့ပါ
နယ်စပ်နဲ့ပတ်သက်သူကနယ်စပ်အကြောင်းတွေ ကျောက်ဆရာကကျောက်အကြောင်းတွေ
ဆေးဆရာကဆေးအကြောင်း IT ဆိုလည်း IT ပေါ့
ရေးစရာအများကြီးရှိပါတယ်
သကြီးတို့ ဦးဖေါတို့လိုအမြင်ကျယ်သူများနဲ့ အရှေ့ကျွန်း
အနောက်ကျွန်းရောက် ကိုကိုမမတွေကလည်း
ကြက်ကြော်ကြော်ရောင်းတဲ့အလုပ်ကအစ စတော့ရှယ်ယာကစားပုံ
ဘယ်နိုင်ငံမှာဘာလိုနေတယ် ဘာတွေပို့လို့ရမယ်
ဘာတွေလုပ်လို့ရမယ်တို့ အနည်းဆုံးတော့ ဘယ်ဆေးရုံမှာ Nurse
ဘယ်နှယောက်ခေါ်နေတယ် စသဖြင့်ဝင်ရောက်ဆွေးနွေးပေးစေလိုပါတယ်
ဒီရွာမှာလုပ်ချင်ကြတဲ့သူတွေရှိကြမယ်လို့ယုံကြည်ပါတယ်
ဖြစ်နိုင်ရင် ဂေဇက် လိမိတက်ထောင်ကြပေါ့ဗျာ
အလှုအတန်းမှာလဲညီညာကျသားဘဲ
တချို့စာတွေလိုဘာရေးနေတာမှန်းမသိရမဖြစ်စေချင်ပါ
တန်ဖိုးရှိတဲ့စာမျက်နှာတွေဖြစ်လာစေချင်တယ်ဗျာ
မတရားတာတွေလည်းဖေါ်ထုတ်ဆန့်ကျင်ကျပြီး
သတင်းဦးသတင်းထူးများကိုလည်းအမှန်အကန်ရေးကြရင်း
ကျွန်တော်တို့ချစ်တဲ့ရွာကြီးကိုထိန်းသိမ်းပေးကြရအောင်လားဗျာ
***** ချစ်ခြင်းများနဲ့မင်္ဂလာ *****

About komingalar

has written 1 post in this Website..

   Send article as PDF