ကားအစင်း ၂.၃သန်းကျော်ကားစီးနေသူတွေထံကပြန်မှာယူပြီး ပြင်လိုက်ရတဲ့ တိုယိုတာဟာ အဂါင်္နေ့ ဇန်န၀ါရီ ၂၆မှာ ကားအရောင်းတွေပါရပ်ထားမယ်လို့ ကြေညာပါတယ်။
သတင်းကိုတော့ အောက်က မူရင်းအင်္ဂလိပ်သတင်းမှာကြည့်နိုင်ပါတယ်။

ပြောချင်တာက ဗမာတွေအတွက်ပါ။ တကယ်လို့ တိုယိုတာ ၀ယ်စီးနေတယ်၊ သူတို့ထုတ်ပြန်တဲ့ ကားအမျိးအစားမှာပါနေတယ်ဆိုရင် အမြန်သာ ပြေးပြီး ပြုပြင်ကြစေချင်ပါတယ်။ သူတို့ ပြန်ခေါ်နေတဲ့ အဓိကအကြောင်းက လီဗာက ကားကြမ်းအောက်ခင်းခြေသုတ်ဖုံနဲ့ ညပ်ပြီး လီဗာနင်းထားသလိုဖြစ်တတ်တာမို့ ပါ။

အဲဒါဟာ အန္တရာယ်အလွန်ကြီးပြီး ပြီးခဲ့တဲ့ ၂နှစ်လောက်ကစလို့ အသက်တွေပါသေကုန်ကြတဲ့အထိ ပြသနာတွေဖြစ်ကုန်ကြလေရဲ့…။

တကယ်လို့..တကယ်လို့ ….။
ကိုယ့်ရဲ့ကား အဲဒီလိုလီဗာကပ်ပြီး ဖရီးဝေးမှာ မိုင်၁၂၀လောက်အထိ တောက်လျှောက်တက်လာရင်ဘယ်လိုလုပ်မလဲ.. အဲဒီအကြောင်းဆွေးနွေးကြည့်ကြပါစို့..။
လိုအပ်တာတွေရှိဦးမယ်ဆိုရင်လည်း  ကားအကြောင်းနားလည်သူတေံက ဖတ်မိရင်ဖြည့်စွက်ပေးကြစေလိုပါတယ်။

အောက်မှာ ဖြစ်နိုင်ချေနဲ့ လုပ်ရမှာတွေ ချရေးကြည့်ပါမယ်။
တကယ်လို့ ကားဟာ မောင်းနေရင်း အရှိန်တက်လာပြီး လီဗာကပ်နေသလိုဖြစ်လာရင်..
၁။ ကားသော့ကို ပိတ်လိုက်ပါ။

ဒီလိုလက်နဲ့လှည့်ပိတ်ရတဲ့ကားသော့မျိုးမဟုတ်တာတွေလည်းရှိနိုင်ပါတယ်။ ဥပမာ၊ နှိပ်ရတဲ့ ခလုပ်ဖြစ်နေတာမျိုးဆိုရင် ရီမုတ်နဲ့ဖွင့်ပိတ်တာမျိုးဆိုရင်..တမျိုးစဉ်းစားကြတာပေါ့။ နှိပ်ရတဲ့ခလုပ်ဆို ၃-၄စက္ကန့်လောက်တောက်လျှောက်ဖိထားရင် ရပ်ပါတယ်။ သာမန်အားဖြင့် ကားသော့ပိတ်ပစ်လိုက်ရင် အင်ဂျင်ရပ်သွားတာမို့ လီဗာဘယ်လောက်နင်းနင်း ကား အရှိန်တက်လာစရာ အကြောငိးမရှိပါ။ ဒါပေမဲ့ တခချို့လေအားဖြင့် ကူညီတွန်းပို့ တဲ့ ဘရိတ်စံနစ်အချို့တော့ အားလျှော့တတ်ပါတယ်။ ထရပ်ကားတွေမှာအသုံးများခဲ့တဲ့ လေဘရိတ် မျိုးဆိုပါစို့။ (ဒါမှမဟုတ်)ကားကွန်ပျုတာကနေ ထိန်းချုပ်ထားတဲ့ အေဘီအက်စ်စံနစ်မျိုးတွေလည်းအနည်းငယ်ထိခိုက်နိုင်ပါတယ်။ဒါပေမဲ့ ပျက်သွားတယ်တော့မဟုတ်။နောက်…
ပါဝါစတီယာရင် လေးသွားပါမယ်။ ဒါကလည်း လှည့်လို့တော့ ရပါသေးတယ်။
ဒီလုပ်နည်းဟာ နားလည်ရအလွယ်ဆုံး အဖြေဖြစ်နိုင်ပါတယ်။ ကားသော့ပိတ်ပြီး ဘရိတ်နင်းပြီးလမ်းဘေးဖြည်းဖြည်းဆွဲချ ရပ်လိုက်ယုံပါပဲ။

၂။ သော့ပိတ်လို့ မရရင် ဂီယာကို နှုထရယ် (N )မှာထားလိုက်ပါ။ ရရင်လည်းထားလိုက်ပါ။
ကားအင်ဂျင်နဲ့ ဘီးကို ဆက်စပ်ပေးထားတာက ဂီယာဘောက်စ်ပါ။ ဂီယာကို neutral ဖရီးထားလိုက်ရင် ကားအင်ဂျင်က လည်ပတ်အားဟာ ကားဘီးတွေဆီမရောက်တော့ပါဘူး။ သဘောက လီဗာဘယ်လောက်နင်းနင်း ကားအင်ဂျင်ဟာ အော်နေပြီး ကားက ပြေးမှာမဟုတ်ပါဘူး။ မြန်မာပြည်က မန်ညူရယ်ဂီယာတွေက တော့ ကလပ်နင်းလိုက်ရင်လည်း အင်ဂျင်နဲ့ ဘီးမောင်းနှင်တဲ့ကြားက အဆက်အသွယ်ပြုတ်သွားပါတယ်။ ဒီက အော်တိုဂီယာတွေအတွက်တော့ Nထားလိုက်ရင် ပြီးပါတယ်။ ပြီးတော့မှာ ဘရိတ်ဖြည်းဖြည်းချင်းနင်းပြီး ဘေးဆွဲချယုံဖြစ်ပါတယ်။

၃။ အရှိန်အရမ်းမြန်လာပြီးမှသိရင်..။
ဂီယာကို နီပါတ်တဆင့်စီကြီးလိုက်လို့ရပါတယ်။ ဂီယာက ကားရဲ့ စပိ(အလျှင်)ကို ထိန်းနိုင်ပါတယ်။ စပိ တဆင့်ဆီကျသွားမှ ညူထရယ်ထားလိုက်လည်း ရပါတယ်။
ပြိုင်ကားမောင်းသူတွေဟာ ကားအကွေ့တွေမှာ ဘရိပ်နဲ့မကွေ့ရပါဘူး၊ ဘရိတ်နင်းကွေ့ရင် အရှိန်နဲ့ကားက လည်ထွက်သွားတတ်တာမို့ ဂီယာနဲ့ ထိန်းပြီးကွေ့ကြတာပေါ့။ ဂီယာရဲ့အဓိကအလုပ်က ကားရဲ့ပါဝါနဲ့ အလျှင်ကို ချိန်ဆအချိုးချပေးတာပါ။ဥပမာ။ ။တောင်ကုန်းတက်ရင် ဂီယာအကြီးထားလိုက်တာဟာ ကားက ပါဝါအားရှိလာပြီး အလျှင်ကျသွားတာမျိုးကိုဆိုလိုပါတယ်။

မလုပ်ရမှာတွေရှိပါတယ်။
၁။ ကားရဲ့ လက်ဆွဲဘရိတ်(ဒါမှမဟုတ်) ပါကင်ခြေဘရိတ်( ခြေထောက်ပိုင်းအပေါ်မြင့်မြင့်ထောင့်ကဘရိတ်)လုံးဝမဆွဲ၊ မဖိချပါနဲ့၊ ကားလည်ထွက်သွားပါလိမ့်မယ်။ အထူးပြုပြင်ထားတဲ့ကားမဟုတ်ရင် အဲဒီဘရိတ်တွေက ကားဘီး၂ဖက်ထဲကိုပဲ ဖမ်းတာမို့ ပါ။ အရှိန်နဲ့သွားနေတုံး ဘီး၂ဖက်ထဲ ဘရိတ်ဖမ်းရင် ကားက တပါတ်လည်ပြိး မှောက်ပါလိမ့်မယ်။
၂။ ကားအရှိန် မိုင် ၆၀ ကျော်မှာ တခုခုကို တိုက်ပြီးရပ်လိုက်မယ် စိတ်မကူးပါနဲ့၊ အဲဒီအရှိန်နဲ့ ကားရှေ့ခန်းကလူတွေ အသက်အန္တရယ်အရမ်းများပါတယ်။ ရှပ်ပြီးတိုက်ရင်းအရှိန်လျှော့မယ်လည်း စိတ်မကူးပါနဲ့။ မှောက်တတ်ပါတယ်။ ကားဘန်ပါရှေ့ပိုင်းက ဆန်ဆာ မှာကားတိုက်တယ် ထင်ပြီး အဲယားဘက်(လေအိပ်)ပွ့င်လာရင် ဘာမှလုပ်ရတော့မယ်မဟုတ်မှာမျိုးလည်း ရှိပါတယ်။ ဒီတော့ စိတ်အေးအေးနဲ့ အရှိန်လျှော့ချဖို့ သာ အပေါ်ကအဆင့်တွေအတိုင်းလုပ်ပါ။ ကားဟွန်းတီးပါ၊ မီးတွေအကုန်ဖွင့်ပါ။ အရေးပေါ်မီး ဖွင့်ပါ။ ဘေးက ကားမောင်းသူတွေသိပါစေ။
၃။ ကားသော့ပိတ်ပြီး သော့ဆွဲမထုတ်လိုက်ပါနဲ့၊ ကားစတီယာရင် လော့ခ်ဖြစ်သွားပါလိမ့်မယ်။

အပေါ်က ၁။၂။၃ တွေကို တီဗီထိုင်ကြည့်နေရင်းကားအလျှင်အရမ်းမြန်လာလို့ ၉၁၁ ဖုံးဆက်ပြောနေရင်းက လမ်းဆုံဝင်သွားတော့ ကားတိုက်မိပြီးသေသွားတဲ့ မိသားစုရဲ့ ဗီဒီယိုကြည့်ပြီး ချရေးတာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်များအဲဒီနေရာမှာ ဆ်ုဘယ်လိုလုပ်မလဲစဉ်းစားရင်းပေါ့။
ပြီးတော့ အခုအတွေးတွေ တခြား မြန်မာတွေလည်း မျှဝေစဉ်းစားလို့ ရအောင် ရေးတင်ပေးလိုက်တာဖြစ်ပါတယ်။
ဒါပေမဲ့ ကိုယ့်ကားဟာ တိုယိုတာဖြစ်နေပြီး တိုယိုတာက ကျေညာတဲ့စာရင်းမှာပါတဲ့အမျိုးအစားဖြစ်တယ်ဆို အမြန်ဆုံး ကားဒီလာ ဆီပြေးပြိး ပြင်စေချင်တာပါပဲ။ တိုယိုတာမဟုတ်ပဲ တခြားကားတွေ မဖြစ်ဖူးပြောလို့မရပါဘူး၊ ဖြစ်ခဲ့ရင် လုပ်ရမှာတွေသိထားတော့ ကောင်းတာပေါ့။ ဒီစာတွေကို သတင်းစာမှာလည်း ထည့်ပေးပါမယ် တတ်နိုင်ရင်ဖြန့် ပေးလိုက်ပါ။

အသက်ဆိုတာညဏ်စောင့်ပါတယ်..။

အောက်မှာ သတင်းမူရင်းဖတ်ဖို့ ..။

Toyota suspends sales after recall of 2.3 million vehicles

By Blake Ellis, contributing writer, and Peter Valdes-Dapena, senior writerJanuary 26, 2010: 11:56 PM ET

NEW YORK (CNNMoney.com) — Toyota Motor Sales USA Inc. said Tuesday it is asking dealers to temporarily suspend sales of eight models.

The company’s sales suspension is part of a recall announced last week to correct a problem that could cause the accelerator pedal to stick.

“Helping ensure the safety of our customers and restoring confidence in Toyota are very important to our company,” said Toyota USA group vice president Bob Carter. “This action is necessary until a remedy is finalized.”

About 2.3 million vehicles will be affected by the recall, Toyota (TM) said Tuesday in a statement. That’s more autos than Toyota sold in all of 2009, when it sold 1.8 million vehicles.

The automaker also said that it will halt the production of vehicles in certain production facilities in Canada, Indiana, Kentucky and Texas during the week of Feb. 1 to “assess and coordinate activities.” The vehilcles currently being built will not be sold until they are fixed, a Toyota spokesman said.

“Suspending sales and production is certainly good to reassure the public that they are serious about doing something, but too many jobs and lost sales are involved for this to be a PR stunt,” Edmunds.com Director of Vehicle Testing Dan Edmunds said in statement. “They must really be concerned about this being something other than a rare condition. Hopefully this means the fix is very close to being ready, because suspension of production and sales is not tolerable for very long.”

The recall affects Toyota’s 2009-2010 RAV4, Corolla, Matrix, 2005-2010 Avalon, certain 2007-2010 Camry, 2010 Highlander, 2007-2010 Tundra and the 2008-2010 Sequoia.

General Motors’ Pontiac Vibe, which is essentially the same car as the Toyota Matrix, was also included in the recall. GM is not participating in the order to stop selling the cars because it has already stopped production of Pontiac vehicles as part of its wind-down of the Pontiac brand, a GM spokesman said.

This new recall is to correct a situation in which the gas pedal could stick without the presence of a floor mat.

The situation is rare, according to Toyota, but can occur when accelerator pedal mechanisms become worn. The problem will usually develop gradually, Toyota spokesman Brian Lyons said. The pedal may become harder to press and may become slower to return when released. In the worst cases, it may become stuck in a partially depressed position.

A Toyota spokesman said there are no confirmed deaths traceable to the defect.

The new recall, involving sticking accelerator pedals, is separate from an ongoing recall of 4.2 million Toyota and Lexus vehicles due to the risk of pedal entrapment because of a loose floormat.

About 1.7 million Toyota Division vehicles have been affected by both recalls.

Toyota owners with questions should call Toyota’s customer service line at 800-331-4331.

-CNN’s Allan Chernoff contributed to this report.

kai

About kai

Kai has written 942 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.