အပျော်ဆုံးအချိန်

ကျောင်းတော်ရယ် ဖွင့်ကာစမှာ

ကျွန်တော်ဘ၀စိုပြည်လာ

မျိုးတကာ ပေးပါတဲ့ မုန့်  ဖိုးပေါင်း

အိတ်ကပ်ဖောင်း သယ်မနိုင်အောင်ပါပဲ

တွန်းလှည်းဖြင့်ကူ။

ဒါပေမယ့် ဘာကြာလိုက်သလဲ

မန်ယူ ပွဲ အဆွယ်ကောင်းရယ်နဲ့

ပိုကာတွဲ အတော်မလိုက်သပ

တစ်ပြားမှ မကျန် …။

မျက်ဖြူလန် အကြံအိုက်လှသပေါ့

ညဥ့်နက်ထိ အိပ်မပျော်

သြော် မထူးတော့ပါဟု

လက်စွပ်ရယ် ထုခွဲလို့  ရယ်မှ

ဆိုင်ကယ်က အပေါင်ဆိုင်

ဒီတစ်ခါမနိုင်ရင်တော့

ဟောင်ပေတော့ တ၀ုတ်ဝုတ်နဲ့

ခွေးဖြစ်ချည်ရဲ့

နာရီတွေတကြည့်ကြည့် နေမထိထိုင်လို့  မသာ

ပေါ်ပါပြီ G0al Score

မန်ယူပွဲ ( ၄ – ၀ ) တဲ့

အလုံးကြီးရင်မှာကျ လက်ခုပ်တီးထလို့ ခုန်

ပုံအောကာယုံမိသူ ကျွန်တော်မှာလ

ဂိုးသွင်းသူ Ronny ကို ကျန်းမာပါစေကြောင်း

ဆုမွန်ကောင်း တောင်းလိုက်သပ

ကျေးဇူးကြီးပါပေ့ ဆရာရယ် ………

သူငယ်ချင်းတစ်ယောက်ပေးသော ကဗျာလေးဖြစ်သည် .. ကျောင်းသားဘ၀နဲ့  တိုက်ဆိုင်လို့လွမ်းမိတယ် ….

 

About thihayarzar

thiha yarzar has written 76 post in this Website..