သတင်းတွေဖတ်မိနေရတယ်ဗျ။ အောက်မှာ ဗွိုက်စ်ကသတင်း မူရင်းအတိုင်းတင်ပေးလိုက်ပါတယ်။
သတင်းထဲမှာ စိတ်ဝင်စားတာက “အဆိုပါနေအိမ်၌ပင် နှစ်ပေါင်း ၂၁ နှစ် ကျော်နေထိုင်လျက်ရှိကြောင်း” ဆိုတာလေးပါ။..အင်း..အဲဒီနိုင်ငံမှာမွေးပြီး ..အဲဒီနိုင်ငံမှာပဲ ၂၁နှစ်တောက်လျှောက်နေခဲ့ပြီပဲ…။
ထားပါတော့..။

ဦးအောင်ဆန်းဦးက မြန်မာ-အမေရိကန်ဖြစ်လေတော့ သူ့အကြောင်း သတင်းမှတ်ချက် သုံးသပ်ချက်ကလေးများရေးမလားရယ်ပေါ့။
ကျုပ်တို့က အမေရိက အခြေစိုက်သတင်းစာ လုပ်နေတာကိုး..။ ဒီတော့ ဆန်ဒီယေးဂိုဖက်ဆင်းရမလား၊ သတင်းထောက်လက်မှတ်ပြပြီး ဆိုင်ရာမြို့ နယ်ထဲပဲ ၀င်အချက်အလက်ယူစုံစမ်းရမလားရယ်ပေါ့။

ဒီတော့ …သတင်းသမားတချို့ နဲ့ နည်းနည်းတိုင်ပင်ကြည့်ပါတယ်။

သူက အမေရိကန်ကြီးပါ။ အသက်အရဆို ပင်စင်တောင်ယူနေလောက်ပါပြီ။ စီနီယာစစ်ဒဇင်ပေါ့။
ဆိုတော့..။
အမေရိကန်ပြည်ထောင်စုရဲ့ပုဂ္ဂလိကဆိုင်ရာ အခွင့်အရေးတွေနဲ့ပဲကြည့်ကြည့်။ အခြေခံနိုင်ငံသားအခွင့်အရေးတွေနဲ့ပဲတွက်တွက်… ဘယ်လိုမှ ထိတို့လို့မရတာတွေချည်းတွေ့ရတာပါပဲ။
သူက သူပိုင်ဆိုင်ခွင့်ရှိတယ်ထင်တဲ့ အိမ်မြေ အစိတ်အပိုင်းတွေ ခံစားခွင့်ရဖို့ မြန်မာတရားဥပဒေအရ ရုံးတော်ကိုဦးတိုက်လျှောက်ထားတယ်။ ဒါကိုသူ့ရဲ့ညီမ အရင်းခေါက်ခေါက်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း တရားဥပဒေအရ ပြန်တရားဆိုင်တယ်။ ဒီလောက်ပါပဲ။ မြန်မာနိုင်ငံေ၇းနဲ့ ပါတ်သက်လို့ (တိုက်ရိုက်)၀င်ရောက်စွက်ဖတ် နေတာအထောက်အထားခိုင်ခိုင်လုံလုံမတွေ့ရတာမို့ ဦးအောင်ဆန်းဦးထံကိုလိပ်မူပြီး ဘာကိုဘယ်လိုလုပ်ရမှန်း မှန်းလို့မရပါ။
မတော် … သူက အသရေဖျက်မှု၊ အနှောက်အယှက်ပေးမှုနဲ့ အမေရိကန်ပြည်ထောင်စုမှာ တရားပြန်စွဲနေရင် ဒုက္ခလို့တောင် ပြောကြကြောင်းပါခင်ဗျား..။
ဦးအောင်ဆန်းဦး အကြောင်း သေချာမသိပေမဲ့ …သူဟာ အမေရိကအစိုးရဆီမှာ နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ဖူးတာတော့ ပြောကြပါတယ်။ တပ်ထဲမှာလို့လည်း ပြောကြတဲ့အတွက် ဒီမှာက တပ်ထဲ တာဝန်ထမ်းဖူးရင် ခရက်ဒစ်က နည်းနည်းပါးပါးမဟုတ်တာမို့ သာမှန် အဆင့်ထက်လွန်တဲ့ … ဂွတ်စစ်ဒဇင်ကြီးပါ။
သူနေထိုင်တဲ့ ကယ်လီဖိုးနီးယား-ဆန်ဒီယေးဂို ဧရိယာမှာ မြန်မာ (ပြောင်းခိုသူမြန်မာ ပါထည့်တွက်ရင်) ထောင်ချီပြီးနေပါတယ်။ မြန်မာအားလုံးစာရင်းချကြည့်ရင် ၃ထောင်လောက်ရှိမလားပါပဲ။ အဲဒီလူတွေအားလုံးက ဆိုင်ရာကွန်ဂရက်အမတ်ဆီ ဖိအားပေးဖ်ု့ စာတင်၊ဖုံးဆက် တောက်လျှောက်လုပ်ရင်တော့ ထူးနိုင်မယ် ထင်ကြောင်းတော့ ပြောကြပါတယ်။ ဒါပေမဲ့ ဦးအောင်ဆန်းဦးတို့မိသားစုကလည်း ပြောင်းခိုသူတွေကို တရံတခါအကူအညီပေး၊ ဖိတ်ကြွေးတာမျီုးတွေရှိတယ်လည်း ကြားဖူးပါရဲ့။ အဲဒီတော့ အဲဒီလူ ထောင်ဂဏ္ဍန်းက လုပ်မယ်လို့တော့ မထင်ေ၇းချ..မထင်ကြောင်း ပါခင်ဗျား။

အဲဒီတော့ ဖိအားပေးတာမဟုတ်ပဲ တမျိုးလုပ်ရင်ရော…ဥပမာ… သူတို့မိသားစုအတွင်းရေးကိစ္စဟာ တိုင်းေ၇းပြည်ရေး၊ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့သဘော သက်ရောက်နေတာမို့… မြန်မာ-အမေရိကန်တွေက ၀ိုင်းအသနားခံကြတာမျိုးပေါ့။
ဒါပေမဲ့ ..ဒေါ်အောင်ဆန်းစုကြည် အခုနေနေတဲ့အိမ်ကလည်း ဗမာငွေသိန်းထောင်ချီတန်တာမို့ ဒေါ်လာနဲ့တွက်ရင်ဝေစုရမဲ့ ဒေါ်လာ သိန်းဂဏ္ဍန်းကလည်း မနည်းလှတာ လူတိုင်းလွယ်လွယ်တွက်လို့ရပါတယ်။
အဲဒီငွေတွေ မယူတော့ပဲ ပလပ်လိုက်ဖို့ ဆိုတာကသူ့မှာ ဘယ်လိုအခြေအနေမျိုး ရမှဖြစ်မှာလည်း..။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုဗယ်ဆုရထားတဲ့ငွေ(ပညာရေးအတွက်ရံပုံငွေထားတယ်ဆိုပေမဲ့ ) မနည်းမနောမှန်းလည်း သိသူ အကိုတယောက်က ညီမဆီက နည်းနည်းပါးပါးရပိုင်ခွင့် ရှိတာလေးတောင်းလိုတာ မျိုးလည်းဖြစ်နိုင်တယ်ထင်ပါတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည့်မှာ သား၂ယောက်ရှိနေပြီး ဦးအောင်ဆန်းဦးမှာက သားသမီးအရင်းအခြာမရှိပဲ (သွေးတော်တဲ့)တူအရင်း၂ယောက်သာရှိနေတာဖြစ်ပါတယ်။  သူတို့က ဘယ်မှာနေသလဲ..။မြေးတွေရော..ဘယ်သူက ကြည့်ပေးနေသလဲ..။နိုင်သလဲ..။

စသဖြင့် တွေးကြည့်သိနိုင်မှာတွေအများကြီးပါခင်ဗျား။
နောက်ဆုံးတော့…တကယ်ရလဒ်ကောင်းကောင်းထွက်စေချင်ရင်..သူ့ကို ၀ိုင်းပြီး ဖိအားပေးတာထက်..ပန်ကြားအသနားခံစာတင်ကြရုံမှတပါး တခြားမရှိဘူး ထင်ပါကြောင်းနဲ့ ပိုပြီး မြန်မြန်ပြီးပြတ်ချင်ရင် တော့မြန်မာတွေငွေစုပြီး သူရသင့်တဲ့ငွေကြေးတခုခုကို ပေးလျှော်ကြဖို့ သာရှိကြောင်း။ သတ္တိရှိရှိစွန့်စားရဲသူရှိရင်တော့  ဦးအောင်ဆန်းဥိးနေအိမ်ရှေ့ ဆန္ဒထိုင်ပြ …လိုချင်တာတောင်းရင်ဖြစ်နိုင်ကြောင်း …အမေရိကန်သတင်းထောက်တချို့ ပြောဆိုတာကို ပြန်လည် မျှလိုက်ရပါတယ်။

အောက်မှာ ဗွိုက်စ်ကမူရင်းသတင်းဖတ်ပါ။

==============

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်မှုဦးအောင်ဆန်းဦး တားဝရမ်းလျှောက်

ရန်ကုန်၊ ဇန်န်န၀ါရီ ၂၆

လုံခြုံမှုမရှိသောနေအိမ်အစိတ်အပိုင်းများအားပြုပြင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုကိုအစ်ကြိုဖစ်သူ ဦးအောင်ဆန်းးဦးက တားဝရမ်းတုတ်ြပန်ပေးရန်လျှောက်ထားသဖြင့် နေအိမ်ပြင်ဆင်မှုရပ်ဆိုင်းထားရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏အကျိုးဆောင်ရှေ့နေတစ်ဦးက ပြောကြားသည်။
ဇန်န၀ါရီလ ၂၁ ရက် နံနက် ပိုင်းတွင် ရန်ကုန်တိုင်းတွဲဖက်တရားသူ ကြီး (၂) ဦးသိန်းကိုကို၏ရုံး၌ ဦးအောင် ဆန်းဦး၏ရှေ့နေ ဦးဟန်တိုးက ”တရား ပြိုင်ဒေါ်အောင်ဆန်းစုကြည်သည် တရား လိုဦးအောင်ဆန်းဦးအားအသိပေးခြင်း မရှိဘဲ နေအိမ်ကိုပြင်ဆင်ခဲ့ခြင်းအပေါ် တရားမကျင့်ထုံးအမိန့် (၃၉) နည်း ဥပဒေအရ တားဝရမ်းထုတ်ပြန်ပေးရန် လျှောက်ထားခဲ့ပြီး ဒေါ်အောင်ဆန်းစု ကြည်၏ နောက်တစ်ပတ်ရုံးချိန်းတွင် ပြန်လည်ချေပကန့်ကွက်မည်ဖြစ်ကြောင်း” ဇန်န၀ါရီလ ၂၈ ရက်နေ့ထုတ် ရန်ကုန် တိုင်းမ်သတင်းဂျာနယ်တွင်ဖော်ပြသည်။
တရားခွင်သို့ ဒေါ်အောင်ဆန်းစု ကြည်၏ အကျိုးဆောင်ရှေ့နေများဖြစ် သော ဦးကြည်ဝင်း၊ ဦးÓဏ်ဝင်း၊ ဦးလှ မျိုးမြင့်နှင့် ဦးမြင့်သောင်းတို့တက်ရောက် ခဲ့ကြောင်း ယင်းသတင်းတွင်ဖော်ပြသည်။
ဦးအောင်ဆန်းဦးက ကွယ်လွန်သူ မိခင်ဒေါ်ခင်ကြည်ကျန်ရစ်ခဲ့သည့် နေ အိမ်နှင့် ခြံအား ရုံးတော်မှ စီမံခန့်ခွဲပေးစေ လိုမှုနှင့် တရားရုံးသို့ ဦးတိုက်လျှောက် ထားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း တရား ရုံးက တရားမမှုကြီးအမှတ် ၁၃၂/၂၀၀၁ အရ စစ်ဆေးလျက်ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များအရသိရှိရသည်။

တရားမမှုဖြစ်ပွားနေသော အဆိုပါ နေအိမ်နှင့် ခြံဝင်းကို ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးအောင်ဆန်းဦးတို့၏ မိခင် ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင် စဉ် နိုင်ငံတော်ဝန်ကြီးချုပ်ကပေးအပ် ခဲ့ခြင်းဖြစ်ပြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ် ခင်ကြည်မှာ အဆိုပါနေအိမ်၌ပင်ကွယ် လွန်သည့်အချိန်အထိ နေထိုင်ခဲ့ကာ ဒေါ် အောင်ဆန်းစုကြည်မှာလည်း မိခင်ဖြစ်သူ မကျန်းမမာဖြစ်သည့်အချိန်မှ ယနေ့တိုင် အဆိုပါနေအိမ်၌ပင် နှစ်ပေါင်း ၂၁ နှစ် ကျော်နေထိုင်လျက်ရှိကြောင်းသိရှိရ သည်။

kai

About kai

Kai has written 933 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.