ကျွန်တော် ရွာထဲကို ပိုစ့် မတင်ဖြစ်တာ ကြာပါပြီ .. အလုပ်ကိစ္စများနေတာနဲ့ ဖတ်ပဲ ဖတ်ဖြစ်တာ များပါတယ် ..စိတ်မကောင်းစရာ တွေလဲ ကြားရ . ကျွန်တော်လည်း ဓါတ်ပုံပြပွဲ အတွက် စာအုပ်ဖတ်ရင်းနဲ့ ဟာသလေး တွေ့လို့ တင်ပေးလိုက်ပါတယ်နော် ..မြဝတီ မဂ္ဂဇင်းမှာ ပါတာပါ 2010 ဇူလိုင်လ ထုတ် ဖြစ်ပါတယ် .. ဖတ်ပြီးသား ဆိုရင်လည်း ထပ်ဖတ်စေချင်ပါတယ် .. :D
ကဲ ရေးပါပြီ ..
ဆရာဝန် ဟာသများ

၁။ တစ်ယောက်တစ်မျိုးစီ
ဆရာဝန် ။ ။ ခုတင်ပေါ်ထိုင်ပြီး လေထဲက ဘာတွေကို လှမ်းပြီးယူနေတာလဲ?
စိတ္တဇလူနာ ။ ။ ကောင်းကင်က ကြယ်တွေကို ကစားဖို့လှမ်းယူနေတာပါ ..
ဆရာဝန် ။ ။ ဒီဘက်ကုတင်ကလည်း ပြောပါဦး၊ လေထဲကိုဘာတွေပစ်တင်နေတာလဲ?
ဒုတိယလူနာ ။ ။ ဟိုဘက်ကကောင်က ကြယ်တွေကိုလှမ်းယူနေတော့ ကောင်းကင်ကြီးက ညဘက်ဆိုမှောင်သွားမှာပေါ့ ၊ဒါကြောင့် ကြယ်တွေကို ပြန်ပစ်တင်ပေးနေတာ ..
ဆရာဝန် ။ ။ ကဲ – ဒီတစ်ယောက်ကကော ပါးစပ်က မော်တော်ကား သံ လုပ်ပြီး ကားမောင်းနေတာ ဘယ်သွားမလို့လဲ ?
တတိယလူနာ ။ ။ဟို အရူး နှစ်ကောင်နဲ့ ဝေးရာကို သွားမလု့ိပါ … ။
၂။
ဒါကတော့ ရယ်စရာ မဂ္ဂဇင်း ကပါ ..
သူ့အတွေး၊ သူ့အမြင်
မူလတန်းစာသင်ခန်းတွင်ဖြစ်၏ ။ ဆရာသည် ဘာသာရေးဆိုင်ရာသင်ခန်းစာများကို ကလေးများအား သင်ကြားနေ၏။ ကောင်းမွန်သော ကုလိုလ်အလုပ်ကို လုပ်သူများသည် ကောင်းကင်ဘုံသို့သွားကြရကြောင်း ဆရာက ရှင်းပြရင်း ကျောင်းသားလေး များကိုမေးလိုက်သည် ။
“ဟုတ်ပါပြီ ၊ ဒီလိုဆိုတော့ မင်းတို့အထဲမှာ ကောင်းကင်ဘုံကို သွားချင်တဲ့သူတွေ ရှိရင် လက်ထောင်ကြစမ်း ”
ဒင်နီရယ် မှ လွဲ၍ ကလေး အားလုံးလက်ထောင်သည်။ ဆရာသည် နားမလည်နိုင်စွာဖြင့်
“ ဒင်နီရယ်.. သားက ဘာလို့ ကောင်းကင်ဘုံကို မသွားချင်ရတာလဲ ? ”
ဒင်နီရယ် ကပြန်ဖြေသည် ။ “မေမေမှာထားလို့ပါဆရာ၊ ကျောင်းဆင်းရင် အိမ်ကို တန်းပြန်ခဲ့ရမယ်တဲ့ ”

About ခ်စ္ရင္ထူး II

has written 38 post in this Website..