ဖတ်ဖူးတဲ့ဟာသလေးတွေပါ.. ခရက်ဒစ်ပေးဖို့ဘယ်စာအုပ်ကဖတ်မိလဲ ဆိုပြန်ရင်လည်း မမှတ်မိတော့ဘူး.. စည်းမျဉ်းစည်းကမ်းဖောက်တဲ့ သဘောဖြစ်နေရင်တော့ဖျက်ပေးပါ လို့ကြိုတင်တောင်းပန်ပါတယ်..

တခါက အသက်ရှည်ကျန်းမာတဲ့ အဖိုး တစ်ယောက်ဆီကို ကျန်းမာရေးစာစောင် တစ်ခုကသွားပြီး အင်တာဗျူးလုပ်ပါသတဲ့…အဖိုးအခုလို အသက်ရှည်ကျန်းမာနေ တာဘာ့ကြောင့်ပါလဲပေါ့… အဖိုးကပြန်ပြောသတဲ့ သူကငယ်စဉ်ကတည်း နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု့ပုံမှန်လုပ်တယ်..စည်းကမ်းနဲ့နေတယ်စားတယ်..အထူးသဖြင့်သေရည်သေရက်ကို လုံးဝရှောင်ကြဉ်ခဲ့ပါတယ်တဲ့..အရက်ကိုလုံးဝ မသောက်ခဲ့ဘူးတဲ့.. အဲဒီအချိန်မှာ အိမ်နောက်ဖေးဘက်ကနေပန်းကန်ကျကွဲသံ၊ ထိုင်ခုံကိုခြေထောက်နဲ့ကန်တဲ့ အသံတွေ ၀ုန်းဒိုင်းနဲ့ထွက်လာတယ်တဲ့.. အင်တာဗျူးလာလုပ်တဲ့လူလည်းအလန့်တကြားနဲ့ အဖိုးမျက်နှာကို ကြည့်တာပေါ့..အဖိုးက ပြုံးတုံ့တုံ့နဲ့ ဘာမှမဖြစ်ပါဘူးသားရယ်တဲ့.. အဘရဲ့အဖေပါ…”အဖေကအဲလိုပဲ..အရက်သောက်တိုင်း သွေးဆိုးတာငယ်ငယ် ကတည်းကပဲလို့အဘအမေကပြောဖူးတယ်” တဲ့…
အင်္ဂလိပ်စာစောင်တခုမှာဖတ်ဖူးတာပါ.. ရေးတဲ့သူကိုမသိပေမယ့် ရှပ်ဘဲများ ဖြစ်နေမလားပဲ…. 

နောက်တပုဒ်ကတော့ မြန်မာစာစောင်တခုမှာဖတ်ဖူးတာပါ… စာစောင်နာမည် မမှတ်မိတော့ပါ…
ဆရာမသစ်လေးတစ်ယောက် အတန်းထဲမှာစာစသင်တဲ့နေ့.. အသီးလေးတွေပုံဆွဲပြရင်း ဘာသီးလဲမေးပါတယ်တဲ့.. အဲ..ဆရာမက ဘူးံသီးဆွဲပြပြီးဘာသီးလဲလို့မေးသတဲ့.. ကလေးတွေက -င်တုံးကြီးလို့ဖြေပါတယ်တဲ့..ဆရာမလေးလည်းသူ့ကိုမလေးမစားလုပ်ပါတယ်ဆိုပြီး ဒေါသတွေနဲ့ကျောင်းအုပ်ကြီးကို သွားတိုင်တာပေါ့..ဆရာမအသစ်လေးဆိုတော့ ကျောင်းအုပ်ကြီးကလည်း အရေးတယူနဲ့ အခန်းထိလိုက်လာပြီး ကလေးတွေကိုဆူမယ်ပေါ့.. အခန်းထဲလည်းရောက်ရော.. “မင်းတို့တော်တော်ဆိုးတာပဲ..ဆရာမအသစ်လေး မလေးစားပဲ စိတ်ဆိုးအောင်လုပ်ရလား… ဟင်း..ကြည့်စမ်း..ကျောက်သင်ပုန်းမှာ လဲဘယ်ကောင်လက်ဆော့ပြီး -င်တုံးကြီးပုံဆွဲထားတာလဲ.. သွားဖျက်စမ်း..တော်တော်ဆိုးတဲ့ ကောင်တွေ” ..တဲ့.. တော်တော့ကိုပုံဆွဲကျွမ်းကျင် ပုံရပါတယ်..

သဘောတရားကိုသာမှတ်မိပြီး မူရင်းရေးသားသူရဲ့ အရေးအသားအတိအကျ ကိုမမှတ်မိတဲ့အတွက်..အမှားပါရင်ခွင့်လွှတ်ပါ..

စိတ်ညစ်နေတဲ့
Crystalline

About Crystalline

Miss Crystalline has written 5 post in this Website..