အားလုံးပဲ မဂ်လာပါ
စာရေးချင်စိတ်ကြီးနေတာနဲ့ ပဲရွာထဲ ရောက်တာနဲ့ ကောက်ရေးလိုက်တာ ၂ခုတောင်ပြီးသွားတယ်
ပြီးတော့မှ ကျွန်တော်လို့ ရွာသားအသစ် နိကိုလပ် အဂရယ်ရဲ့  စာကို ဖတ်ပြီးမှ
ဟ..ငါတော့ သေပြီ အားလုံးကို မနူတ်ဆက်မိဘူး    လို့ သတိရတယ်
ထို့အတွက် ရှေးဦးစွာ ရွာသူရွာသား အပေါင်းကို တောင်းပန်ပါရစေ။
တောင်းပန်ပြီတဲ့ နောက်ပိုင်းမှာ ကိုယ့်ကိုကိုယ် မိတ်ဆက်ပါမယ်။
နာမည်က ဒိုးစနစ်ပါ။
အသက်ကတော့ ငယ်တယ်ဗျ။ ၂၃ နှစ်ပါ။
အလုပ်အကိုင်က အိုင်တီနဲ့ ပတ်သတ်တာလုပ်ပြီး ရန်ကုန်မှာနေပါတယ်။
ဒီဂေဇက်ကို ဖတ်တာကတော့ ကြာပြီ
၂၀၁၀လောက်တည်းကပေါ့။ ရေးမယ်ရေးမယ်ဆိုပြီး မရေးမိလေတော့..အခုမှ မထူးဘူးချကွာ လို့ ဆိုပြီး
ဝါသနာပါတဲ့ အားကစားအကြောင်းလေးတွေ
အိုင်တီပညာရပ်ကလေးတွေကို တတ်သလောက်မှတ်သလောက်ရေးသားသွားပါမယ်။
အမှားပါသွားရင်လည်း ခွင့်လွှတ်ပေးကြစေလိုပါသည်။
အားလုံးနဲ့လည်း ခင်မင်လိုပါသည်။
ရွာသားအသစ်မို့လို့ ၀ိုင်းဝန်းဖေးမစွာနဲ့ နွေးထွေးစွာကူညီပေးကြပါလို့…..

About ဒိုးစနစ်

Doe sanic has written 8 post in this Website..