ကျိုင်းတုံမြို့ကိုလဲ ရောက်ပြီ ဘုရားတွေလဲ ဖူးပြီးပြီ ဆိုတော့ မြို့ထဲက အထင်ကရနာမည်ကြီး နေရာတွေနဲ့ မြို့ထဲကို လျှောက်လည်ကြရအောင်ဗျာ……

 

ကျိုင်းတုံမြို့လည်မှာ နာမည်ကြီး နောင်တုံကန်ရှိပါတယ်….. တောင်တန်းတွေပတ်လည်ဝိုင်းနေတဲ့ မြို့ရဲ့အလယ်မှာ ဒီနောင်တုံကန်က တည်ရှိနေတာပါ…. မြို့ခံလူတွေကတော့ နဂါးကန်လို့လဲ ပြောကြပါတယ်.. ကန်ပတ်လည်မှာ ကားလမ်းရှိပြီတော့ လက်ဖက်ရည်ဆိုင်၊ အကင်ဆိုင် နဲ့ ရိုးရာစားသောက်စရာ ဆိုင်လေးတွေ ရှိပါတယ်… ကျိုင်းတုံမြို့ရဲ့ အပန်းဖြေစရာနေရာလေးတစ်ခုပေါ့…..ညနေစောင်းပြီဆိုရင် ကန်ပတ်ပတ်လည်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ လူတွေစည်လာသလို….ကန်ကိုပတ်ပြီးလမ်းလျှောက်၊စက်ဘီးစီး၊ ဆိုင်ကယ်မောင်း၊ကားမောင်းတဲ့သူတွေနဲ့ အတူတူ …. ကန်ဘေးမှာရှိတဲ့ ထိုင်ခုံလေးတွေမှာ ထိုင်ပြီး စကားပြောနေကြတဲ့ ချစ်သူစုံတွဲလေးတွေကိုလဲ တွေ့ရတတ်ပါတယ်….

ဒီပုံလေးကတော့ ကျိုင်းတုံမြို့ရဲ့ နာမည်ကြီး နောင်တုံ ရေကန်နဲ့ စွန်တောင်း စေတီပုံလေးပါ…..(photo from facebook)

ဒါကတော့ နောင်တုံကန်နဲ့ ရပ်တော်မူဘုရားပုံလေးပါ…(photo from facebook)

ဒါကတော့ နောင်တုံကန်ပုံပါ…(photo from facebook)

ဒါကတော့ ကျိုင်းတုံမြို့နဲ့ နောင်တုံကန်ကို ရိုက်ထားတဲ့ပုံလေးပါ….(photo from google map)

 

ဒါကတော့ ကျိုင်းတုံမြို့ရဲ့ နာမည်ကြီး နောင်တုံကန် ကိုရိုက်ထားတဲ့ ပုံလေးတွေပါ (photo from facebook)

နောင်တုံကန်ဘေးက လက်ဖက်ရည်ဆိုင်ကလေး(photo from facebook)

About Wunna Aung

ဝဏေအာင္ (မႏၱေလး) has written 4 post in this Website..