၅၂ နှစ်မြောက်ဂရမ်မီပွဲ ဗမာတွေလည်းသွားတက်ပါတယ်။ တိတိကျကျ ပြောရရင် အမေရိက ရောက်နေတဲ့ ထူးအယ်လင်း၊ ကဗျာဘွဲ့မှုး၊ ဆုန်သင်းပါရ်တို့သွားတက်တယ် သတင်းရတာပါ။ သူတို့အကြောင်းအသေးစိတ်ကိုတော့ သတင်းစာထဲ ပါနိုင်အောင်ကြိုးစားပါမယ်။
အဲဒီပွဲမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ သားနဲ့သမီး (တူလည်းမတူ) ၂ယောက်သိသိသာသာကြီးကို သတိထားမိပါတယ်။ လက်မောင်းအနီပါတ်ကလေးတွေနဲ့လေ။
နောက် ..ဘီယော့စ်က ဂျေးဇီး ကို Husband လို့သုံးလိုက်တာလည်း ကြားတွေ့လိုက်ရပါတယ်။ ဆိုတော့…. ဆင်ဂယ်လေဒီ ..သီချင်းရှင်…ဘယ်လိုကဘယ်လို ၂၀၀၈ ကထဲကရထားတဲ့ယောင်္ကျား အမည် အခုမှ ထအော်သလဲပေါ့..။
ထားပါတော့…

ဂရမ်မီညမှာ ဘီယော့စ် က ၆ဆု၊
တေလာဆွစ်က ၄ ခုနဲ့အိမ်ပြန်ပါတယ်။
ကျုပ်က အိမ်ကနေ တီဗီထိုင်ကြည့်တာပါ။

kai

About kai

Kai has written 925 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.