ယနေ့ နံနက် ၈ နာရီခန့် ….

အလုပ်သွားရန် လိုင်းကားစီးအလာ ….

၁၀ မိုင်ကုန်းကျော်တော့ စတွေ့ရတာ လုံထိန်းတွေ …. ပထမတုန်းကတော့ ဘာမှန်းမသိ … နောက်တော့ သတိရသွားသည် …. ဒီနေ့ အမေစု ရန်ကုန်ကို ပြန်လာမယ့်နေ့ပဲ …. ၉ မိုင်ခွဲရောက်တော့ ခေါင်းစည်းတွေ … အလံငယ်လေးတွေ … အလံကြီးတွေ… ဓါတ်ပုံကြီးတွေ …. ကြိုဆိုရေးစာတန်းတွေ …. တီရှပ်အနီတွေနဲ့ တွေ့လိုက်ရသော ကြိုဆိုရေး အဖွဲ့ ၁ ဖွဲ့…

သူတို့  မျက်နှာလေးတွေ ကြည့်ရတာ တစ်ခုခုကို စိုးရိမ်စိတ် ၀င်နေသလိုပဲ … ပျော်ချင်သလောက် မပျော်နိုင်ကြ … သူတို့ အလွန် လုံထိန်းကား ၈ စီးခန့် ….. Ocean နားရောက်ခါနီးကျတော့ နောက်တစ်ဖွဲ့ … ဒီ တစ်ဖွဲ့ကျတော့ ပိုစည်သည် …. ပင်နီတိုက်ပုံများ ပါ …. ကြိုဆိုရေး တန်ဆာပလာ အစုံ နှင့် …. လမ်းတစ်လျှောက် ဟိုတစ်စု …. ဒီတစ်စု ….

အဲဒီ အနီးအနားမှာ ထပ်ကြပ်မကွာ ရှိနေတာက လုံထိန်းအဖွဲ့များ …. ဒီမြင်ကွင်းကို တွေ့လိုက်ရတော့ ဘ၀င်မကျပါ …. လူကြီးလူကောင်းများလာချိန် လုံခြုံရေးချထားသည်ကို ကျွန်တော်တွေ့ဘူးပါသည် …. လမ်းတစ်လျှောက် ၂ ယောက်တွဲ … သို့သော် .. ယနေ့ … အဖွဲ့လိုက် …. မည်သို့ မည်ပုံကွားခြားသည်မသိပါ ….

သို့သော်လည်း … ကောင်းသည့်ဘက်ကတွေးကြည့်ရင် … သူတို့လဲ အမေစုကို လာကြိုတာများလားလို့ ….

About ဟိန်း ၀င်း (ထားဝယ်သား)

ဟိန်း ၀င်း (ထားဝယ်သား) has written 13 post in this Website..