ကျွန်မ ခုလက်ရှိလုပ်နေတဲ့ ရုံးက boss က အင်မတန်ဒေါသကြီးတဲ့ Singaporean မ, ပါ

ဒေါသကြီးတာ စိတ်မြန်တာတော့ လန်ထွက်နေတာပဲ

သူဒေါသကြီးပြီး ရမ်းပြီဆို၊ သူဖြစ်ချင်တာ သူခိုင်းတာမှန်သမျှ လိုက်လုပ်ပေးရတာ –
ခလုတ်တိုက်လဲမတတ် ဒရွတ်ဆွဲ ဟပ်ထိုးလိုက်တာတောင် မမှီချင်ဖူး။

တခါတလေ စဉ်စားမိပါတယ် ဟိန္ဒူဘုရားများလို လက်တွေ အများကြီးပေါက်နေရင်တောင်
ငါနိုင်မယ်မထင်ဖူးလို့

ကျွန်မသူ့ရှေ့မှာ – ဒေါသကြီးလွန်းလို့ ဘယ် secretary မှ ၁ လ
အပြင်ပိုမလုပ်နိုင်ပါဖူးဆိုတဲ့ ပြင်သစ်တယောက်ဆီမှာ ၂နှစ်လောက်လုပ်ဖူးတဲ့
အတွေ့အကြုံသာမရှိရင်တော့ မလွယ်ဖူးထင်တယ်။

ဒါပေမယ့် သူ့ဒေါသက ကျွန်မအရင် ပြင်သစ် boss ထက် ပိုသာတယ် (ဂုဏ်ယူလိုက်တာနော် .
. . ဟိဟိ)

ကုသိုလ်ကံကလဲ အဲ့လို boss တွေနဲ့မှ တွေ့ရဖို့ပါလာသလားပဲ ဟဲဟဲ . . .

သူ့ဆီ စ, အလုပ်ဝင်စက ၁ပါတ်ကို ၂ခါ လောက်အမြဲငိုရတယ်။

နောက် ရုံးသွားရမှာ/ အိပ်ရမှာပါကြောက်လာတယ်။ အိပ်မက်ထဲထိ
သူစိုးမိုးတယ်ဆိုပါတော့ ဟိဟိ . . .

ရုံးမှာကျတော့လဲ သူနဲ့မျက်နှာချင်းဆိုင်ထိုင်ရတာလေ၊ သူကကျွန်မကိုချစ်လွန်းလို့
မျက်စိအောက်က အပျောက်မခံအောင်ထားတာ၊ ဘယ်လောက်ချစ်လဲဆို ရုံးဆင်းတာတောင် ph ကို
sms တွေပို့တာ ညအိပ်ခါနီးထိပဲ။

ကြာတော့ လူက သွပ်ချင်ချင် ဖြစ်လာပြီ၊ သူ့ကိုလဲ မုန်းမှမုန်း …

တရက် ရုံးမှာရှိတဲ့ ကျွန်မ colleague အသက်အကြီးဆုံး Singaporean မ, ကြီးက
အလုပ်မထွက်ခင် ကျွန်မကို ပုံပြင်လေး တပုဒ်ပြောပြတယ်။

ပုံပြင်အပြီးမှာ ကျွန်မကို ပြောတယ် . . .

လိုချင်တဲ့ ပန်းတိုင်ရောက်အောင်သွားနေချိန် ခွေးလိုလူတွေနဲ့တွေ့လဲ
ခြင်္သေ့လိုဖြစ်အောင်ကြိုးစားပါ ဒါမှ နင်အောင်မြင်မယ်တဲ့ (ဟီးဟီး . . . )

သူ့ပုံပြင်နားထောင်ပြီးတဲ့နောက်မှာ သူဆိုလိုတာကို ကျွန်မသဘောပေါက်လိုက်တယ်၊
ဒါနဲ့ အားတက်ပြီးဆက်လုပ်လိုက်တာ ခုဆို ၂နှစ်ပြည့်လုနီးပေါ့ . . .

သူ့ပုံပြင်လေးကောင်းလွန်းလို့ အားလုံးကိုပြန် share လိုက်တာပါ . . .

*
*

*How To Solve The Problem /* *ပြဿနာတစ်ခုကို* *ဘယ်လို* *ကိုင်တွယ်ဖြေရှင်း**မ
လဲ*
– Hide quoted text –

တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့
သူတောလိုက်သွားရာကို ခေါ်သွားသတဲ့။ တစ်နေရာလဲရောက်ရော တောင်ကမူလေးတစ်ခုမှာ
ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့။ ဖခင်မုဆိုးကြီးက သူ့သားကို
သေသေချာချာကြည့်ခိုင်းပြီး
နေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးနားရောက်အောင် ခဲလုံးတစ်လုံးနဲ့
ပစ်ပေါက်လိုက်တယ်။

ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ ထရပ်လိုက်တယ်။
ပြီးတော့ ဘာရယ်ညာရယ်မှန်း မသိပေမဲ့ (ခဲလုံးမှန်းတော့ သူသိတယ်) သူ့ကိုလာလန့်စေတဲ့
ခဲလုံးကို လိုက်ကိုက်နေတော့တယ်။ ခွေးဟာ ခဲလုံးကသူ့ကို လာလဲမထိဘူး၊
စားစရာလဲမဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်။ ဒီမြင်ကွင်းကိုကြည့်ြ
ပီး သားအဖနှစ်ယောက် ပြန်လာခဲ့ကြတယ်။

နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခြဲ့
ပန်တယ်။ ဒီတစ်ခါမှာတော့သူတို့ဟာ နေရာအချက်အချာကောင်းတဲ့ သစ်ပင်ပေါ်မှာနေရာယူကြတယ်။
သူတို့နေရာယူထားတဲ့ သစ်ပင်ရဲ့အရှေ့ဘက်မှာ ကျောက်ဂူတစ်ခုရှိတယ်။ ကျောက်ဂူဝမှာ
ခြင်္သေ့တစ်ကောင် နေပူစာလှုံနေတယ်။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့
ပြောပြီး ခြင်္သေ့ရဲ့ လက်နဲ့လည်ပင်းကြားထဲကို ခြင်္သေ့ကိုမထိစေပဲ
မြှားတစ်စင်းပစ်လိုက်တယ်။
မြှားကလဲလိုရာနေရာကို ကွက်တိပဲ။ ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွားစိုက်တယ်။
စွပ်ခနဲလာစိုက်တဲ့မြှားကို ခြင်္သေ့ကဖျတ်ခနဲကြည့်ပါတယ်။ ဒါပေမဲ့ ခြင်္သေ့ကမြှားကို
ဘာမှမလုပ်ပဲ လာစိုက်တဲ့မြှားကို သေသေချာချာကြည့်ပြီး ငြိမ်နေတယ်။ ခဏကြာတော့ မြှ
ားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်။ ပြီးတော့ မြှားကိုတလှည့်၊ မြှ
ားလာရာလမ်းကြောင်းကိုတလှည့် သေချာကြည့်တယ်။ မြှားတံကို ခြင်္သေ့ကဘာမှမလုပ်ပဲ မြှ
ားလာရာလမ်းကြောင်းရဲ့ အဆုံးမှာရှိတဲ့

ရန်သူကို ရှာဖွေတိုက်ခိုက်ဖို့ရာ တလှမ်းချင်းလှမ်းပြီး လျှောက်လာတယ်။

ဒါကြောင့် ………. ကိုယ့်ကို ခြောက်လှန့်ခံရတဲ့ခဲလုံးကို လိုက်ကိုက်တဲ့ ခွေး

ကိုယ့်ကို ရန်ပြုလာတဲ့မြှားကို လျစ်လျူရှုပြီး
မြှားလာရာလမ်းကြောင်းရဲ့ဟိုဘက်မှာရှိတဲ့
အဓိကရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့ . . . .

ခွေးကတော့ ခွေးပါပဲ

ဒီလိုပဲ . . .

ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ

ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့။

လောကကြီးမှာလဲ ဒီလိုပါပဲ …

ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်းတွန်းထိုး တိုက်ခိုက်မှာလား

ပြဿနာရဲ့အစကိုရှာပြီး ပြေလည်အောင်ရှင်းမှာလား ဆိုပြီး

နစ်မျိုးကွဲ သွားပါတယ်။

အဲဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုယ်သင် မေးကြည့်ပါ။

ငါဟာ ခြင်္သေ့လုပ်မှာလား / ခွေးလုပ်မှာလား

အဖြေရလာပါလိမ့်မယ်။

“ ပညာတတ် နဲ့ ပညာမဲ့ ၊ ဘာကွာမယ်ထင်လဲ ?

ဘာမှ မကွာဘူး

ခြေ၊ လက်၊ ခေါင်း အတူတူပဲ

တစ်ခုပဲကွာတယ်

ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းတတ်တယ် ဆိုတာပဲ ”

Ref: Heng Lee Zen ရဲ့ Which One? ကို ဘာသာပြန်ဆိုပါသည်။

*
*** forever friend မှ ကူးယူဖေါ်ပြပါသည် ။ *

About cobra

oakar min maung has written 203 post in this Website..