“ဆုံစည်းပါရစေ” အပိုင်း(၆)
“သွန်း………..”
“ဘာလဲဟာ…….”
“ဘာလဲလုပ်မနေနဲ့ …….အခွေပေါက်ထွက်တော့မယ်…..နဲနဲလဲနားပါအုံးဟယ်……..”
“အေးပါဟယ် ငါအရမ်းကြိုက်လို့ ပါ……ဒိတစ်ခေါက်ဆိုပြီးပါပြီ……..သဲနုရယ်…..”
“အသံပဲကြားနေရတာ လူကြတော့ မတွေ့ ရသေးဘူး………ဘယ်လိုဖြစ်နေလို့  သူ့ မျက်နှာကိုမပြရဲတာလဲမသိဘူးနော်….သွန်း….”
“အေးဟ တစ်ခုခုတော့တစ်ခုခုပဲနော်…..”
“အော်…..ရှင်းသွားတာပဲ……”
“ဟီး….ဟီး….”
ထင်ထားတာထက်ကိုပိုပြီးအောင်မြင်သွားတော့ သူအရမ်းပဲ ပျှော်နေသည်လေ။သူအခုလို အောင်မြင်အောင် အစစအရာရာ ကိုညီပေးတဲ့  သူတွေအားလုံးကိုကျေးဇူးတင်မိတာ အမှန်ပါပဲလေ။ အခုတော့ သူသိပ်ဖြစ်ချင်နေခဲ့ တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီလေ။ သူ့ အိမ်မက်တွေ သူ့ စိတ်ကူးတွေအကောင်အထည်ပေါ်ခဲ့ ပြီလေ။ ပြီးတော့ သူငယ်ချင်းဖြစ်တဲ့  ထွန်းဇော်ကိုလဲ သူကျေးဇူးတင်မိသည်။ အရာရာအားလုံးအတွက် စိတ်ဓါတ်မကျအောင် အေးပေးခဲ့ လို့ ပါပဲလေ။
“ကဲ …ဟေ့ကောင် မင်းဖြစ်ချင်တာလဲဖြစ်ပြီ…..အဲ့ ဒီတော့ မင်း ပရိပ်သတ်ရဲ့  ဖြစ်ချင်တဲ့  စိတ်ဆန္ဒကိုလဲ ဖြည့် စည်းဖို့ မမေ့ လိုက်နဲ့ အုံး……..”
“အေးပါ ထွန်းဇော်ရယ်…….ငါ မမေ့ ပါဘူးကွာ………”
“ငါက သတိပေးတာပါ…သက်ပိုင် လာ တစ်ခုခုသွားစာရအောင်ကွာ မင်းကျွေးရမှာနော်……ဖြစ်တယ်မို့ လားဟေ့ကောင်………”
“ဖြစ်ပါတယ်ကွာ……..အကုန်ဖြစ်……”
“ပြီးရော သဲကိုပါ ခေါ်လိုက်မယ်………အဲ့ ဒါမှ မင်းအတွက် ပိုပြီးအဆင်ပြေမှာပေါ့…..ဟုတ်တယ်မလားသက်ပိုင်…….”
“ကောင်းပေါ့ကွာ……သွားမယ်…….”
သူငယ်ချင်နှစ်ယောက်(junction squere)သို့  ထွက်လာကြလေသည်။ ကားပေါ်ရောက်တော့ ထွန်းဇော်က စပြောလေသည်။
“သက်ပိုင်…..မင်းဘယ်တော့ ပြောမှာလဲ……..”
“ဘာကိုလဲကွာ…..”
“သွန်းဖြူသင်းကိုပြောနေတာ…….ဘယ်တော့ဖွင့် ပြောမှာလဲလို့ မေးတာ…….”
“အင်း ငါလဲစဉ်းစားနေတာကွ ဘယ်တော့ပြောရင်ကောင်မလဲ လို့ …….”
“ဟေ့ကောင် ပြောစရာ၇ှိ မြန်မြန်ပြော သူများနောက်ပါသွားမှ ငါရှေ့ မှာ လာမငိုနဲ့ ……ငါဆွဲထိုးမှာ…..”
“မင်းကလဲ အားပေးမယ်လို့ မရှိဘူး….ဆွဲထိုးမယ် ဆိုတာကြီးပဲ……အခုတွေ့ ရင် ပြောမယ်ကွာ….မင်းငါ့် ကို စဉ်ပေး ဘယ်လိုလဲထွန်းဇော်………”
“ပြီးရော……မင်ကတိ မင်းတည်ပါစေနော်…….”
“အေးပါ ထွန်းဇော်ရယ်……”
“သက်ပိုင်…..မင်းဖုန်း ငါ့ ကိုခဏလောက်ပေးကွာ……ငါ့ ဖုန်းက အားကုန်နေလို့ ကွ……”
“ယူလေကွာ……..ဘယ်ကိုဆက်မလို့ လဲ……ထွန်းဇော်…..”
“သဲတို့ ဆီ ဖုန်းခေါ်မလို့ လေကွာ……..အဲ့ ဒါမှ မင်းအတွက် အဆင်ပြေမှာပေါ့ကွ……..”
“အဲ့ ဒါဆိုရင် ဖုန်းခေါ်နေစရာ မလိုတော့ဘူး……..ဟိုမှာလာနေပြီ……..”
သူ့ ညွှန်ပြသော နေရာကို ကြည့် ပြီး ထွန်းဇော်က သူ့ ကိုပြောလေသည်။
“သက်ပိုင်….မင်းတို့ နှစ်ယောက်က ဖူးစာပါလာပြီထင်တယ်…….ချိန်းစရာတောင်မလိုတော့ဘူး……”
“ဒီလောက်လဲမဟုတ်ပါဘူးကွာ တိုက်ဆိုင်တာဖြစ်ပါလိမ့် မယ်ကွာ……….”
“ကိုထွန်းတို့ က ဘယ်ကိုလာတာလဲ…….”
“ဒီကိုပဲ လာတာပါ……..သဲတို့ ကကော ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ….”
“အင်း ပြောရရင်တော့ အရူးတစ်ယောက်လိုပါပဲ……….အဆိုတော်သက်ပိုင်ရဲ့ ဓါတ်ပုံလာရှာတာ…….ဟီး……ဟီး……”
“သဲရယ်…….ဓါတ်ပုံတွေ့ ခဲ့ လား…….”
“ဟင့် အင်း…….အစအနတောင်မတွေ့ ပါဘူး……တော်တော်စိတ်ပုတ်တဲ့  အဆိုတော်…….”
“တော်ပါတော့သဲရယ် ကိုတို့ နဲ့ လိုက်ခဲ့ ပါလား တစ်ခုခုသွားစားမလို့  အဆင်ပြေတယ်ဆိုရင်ပေါ့………”
“အင်းလေ…..သွားပေါ့ ဘယ်သူက ဒကာခံမှာလဲ……….”
“သက်ပိုင်ပေါ့……..ဟဲဟဲ ဒီကောင်ဒီနေ့ ထီပေါက်တယ်လေ….အဲ့ ဒါကြောင့်  လိုက်ကျွေးနေတာ……လိုက်မယ်မလား…..”
“လိုက်တော့လိုက်ချင်ပါတယ်……အစ်ကိုထွန်းဇော်ရယ်……ကာယကံရှင်ဖြစ် တဲ့ အစ်ကိုသက်ပိုင်ကမှမခေါ်တာ သွန်းတို့ က ဘယ်လိုလိုက်ခဲ့ ရမှာလဲ…..မလိုက်ချင်ပါဘူး…..”
“ဟာ…..အဲ့ ဒီလိုတော့မဟုတ်ပါဘူး……..လိုက်ခဲ့ ပါဗျာ……ဖိတ်ခေါ်ပါတယ်….တစ်ကယ်ပါ…….”
“သဲ မှာလေ……ဘာစားမလဲ…….သွန်းကော မှာလေ…..”
“အင်း……..”
“သဲ …..”
“ပြောလေကိုထွန်း……”
“ပြီးရင် ကို့ နောက်ကိုခဏလောက်လိုက်ခဲ့ ပေးပါလား……….”
“အင်း လိုက်ခဲ့ မယ်လေ…….”
“သက်ပိုင်…..မင်း သွန်းနဲ့ ခဏလောက်နေအုံးကွာ…….ငါတို့ အပြင်ခဏလေး သွားလိုက်အုံးမယ်နော်……”
“အေးပါကွာ………”
ထွန်းဇော်နဲ့ သဲနုတို့ ထွက်သွာမှ သူလဲ သိပ်ချစ်ရတဲ့  ချစ်သူကို ဖွင့် ပြောဖို့  အခက်တွေ့ နေပြီလေ။ ယောက်ျားဖြစ်ပြီး သတ္တိတွေက ဘယ်ေ၇ာက်ကုန်ပြီလဲမသိဘူး……..စကားလုံးတွေက ပျောက်ဆုံးကုန်ပြီလေ။ ဘယ်လိုလုပ်ရပါလိမ့် …………..
“ကိုသက်ပိုင်…….ဘာဖြစ်နေတာလဲဟင်…….ေ၇အိမ်သွားချင်လို့ လား…….”
“အင်း………ဟာ မဟုတ်ပါဘူး…….သွန်းကိုပြောစရာရှိလို့ ………”
“အင်းပြောလေ……”
“သွန်း ထမင်းစားပြီးပြီလား……..”
“၂နာရီတောင်ရှိနေပြီဆိုတော့ စားပြီးပြီပေါ့ကိုသက်ပိုင်ရဲ့ ……ဘာဖြစ် လို့ လဲ…….”
“ဘာမှမဖြစ်ပါဘူး………ကို သွန်းကိုချစ်တယ်………”
“ရှင်………….ဘယ်လိုပြောလိုက်တာလဲ……….”
“စိတ်မဆိုးပါနဲ့  သွန်းရယ်……..ကိုတစ်ကယ်ပြောတာပါ သွန်းကိုအရမ်းပဲချစ်နေမိပြီ…….ကို့ အချစ်ကိုလက်ခံပေးပါလို့ ပြောပါရစေ……”
“သွန်းအကြောင်းတွေကိုရော ပြည့် ပြည့် စုံစုံသိပြီးပြီလား……..”
“ဘာဖြစ်လို့ လဲသွန်းရယ်……..သွန်းမှာ ချစ်သူရှိနေလို့ လား…….ပြောပါအုံးသွန်းရယ်…..”
“ဟင့် အင်း………ကျမ အချစ်ကိုမယုံဘူး……….တစ်နေ့ နေ့ ကြရင် ဒီလိုပြောလာလိမ့် မယ်လို့ ကျမ ကြိုတွေးထားပြီးသားပါ ကိုသက်ပိုင်…….”
“ကို့ ကိုတော့ မမုန်းလိုက်ပါနဲ့ သွန်းရယ်…….ကိုအရမ်းကြောက်လို့ ပါနော်……..ကိုယ့် ကိုနဲနဲလောက်တော့စဉ်းစားပေးပါနော်…….”
“အင်းစဉ်းစားပေးမယ်………ဒါပေမဲ့  အချိန်အကန့် အသတ်တော့မရှိဘူးနော်……..”
“စဉ်းစားပါသွန်းရယ်……..ကိုသေတဲ့ အထိစောင့် နိုင်ပါတယ်………”
ကျမတဲ့ လားသွန်း၇ယ် မင်းရဲ့ နာမည်လေးကိုပြောင်းပြီးကျမလို့ တောင်သုံးစွဲလိုက်ပြီနော်။ ဘယ်လိုဖြစ်တာလဲသွန်းရယ် ကို့ မှာ မင်းမကြိုက်တဲ့ အရာတွေများရှိနေလို့ လားကွာ။ သွန်းရယ် မင်းင်္ဆီက ရမဲ့အဖြေကို ကိုသေတဲ့ အထိစောင့် နိုင်ပါတယ်……….ကိုသစ္စာဆိုတိုင်တည်ရဲပါတယ်သိပ်ချစ်ရတဲ့ သွန်းရယ်။…………………………………………………………
ရှေ့ သို့ ဆက်ပါအုံးမည်။…………ခင်မင်လေးစားလျှက်……………………………………….
ကျုပ်ဆိုရင်တော့ သေတဲ့အထိတော့ မစောင့်နိုင်ပါဘူးဗျာ ။ ဟီဟိ
ကိုအောင်နိုင်လင်းရေ နောက်တစ်ပိုင်းပေါ့ဗျား။
Was this answer helpful?
LikeDislikeစောင့်ပေဦးတော့ ….။
ရွှေကြည်ကတော့နောက်တပိုင်းစောင့်ဖတ်ပါမည်။
Was this answer helpful?
LikeDislikeအစ်ကိုမောင်ပေရေ
သေတဲ့ အထိစောင့် မှဖြစ်မှာလေ
ဘာဖြစ်လို့ လဲဆိုတော့ သိပ်ချစ်တဲ့ အတွက်
သက်သေပြစရာဆိုလို့  ဒီတစ်ခုပဲရှိတော့တာလေ
ဆက်ပြီးအားပေးပါအုံးနော်
ခင်မင်လေးစားလျှက်
Was this answer helpful?
LikeDislikeအစ်မ shwe kyi ရေ
အစ်မက စာတွေဘာတွေမရေးဘူးလား
အစ်မရေးတဲ့ စာတွေ ဖက်ချင်လို့ ပါ
စာရေးတယ်ဆိုရင်ပေါ့
ခင်မင်လေးစားလျှက်
ဆက်ပြီး အားပေးပါအုံးနော်
Was this answer helpful?
LikeDislikeကိုအောင်နိုင်လင်းရေ ရွှေကြည်မရေးတတ်ပါဘူးနော်။ ရေးဘူးတဲ့ပထမဆုံးပို့စ်ကတော့ တော်တော်ကောင်းဆိုပဲ
(စိတ်ထဲရှိရာရေးမိပါသည်) ဆိုတဲ့ပို့စ်ပါနော်။
Was this answer helpful?
LikeDislike