” ဘွန္တော….တရားချစ်ခင်၊ စိတ်ကောင်းရှိကြကုန်သော ဗုဒ္ဓဘာသာဝင်သူတော်စင် အပေါင်းတို့ခင်ဗျား.. ယနေ့ – မြန်မာနှစ် ၁၃၇၄- ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရာ ” ဓမ္မစင်္ကြာအခါတော်နေ့ “နေ့ထူးနေ့မြတ်ကြီး ဖြစ်သဖြင့် – ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ဘာဝနာ ကုသိုလ်မှုတို့ မိမိတို့စွမ်းနိုင်သမျှ ပြုလုပ်နိုင်ရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်ခင်ဗျား။  “
  ဘုရားလောင်း ပဋိသန္ဓေနေသောနေ့
 ဘုရားလောင်း တောထွက်တော်မူသောနေ့
 ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့
-ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤ၀ါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ၀ါဆိုပန်းများ ကပ်လှူခြင်း၊ ၀ါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်ခင်ဗျား။

About ပိုင်လေး

has written 60 post in this Website..

တရုတ် စစ်စစ် ပါ ဒါပေမဲ့ ………. မြန်မာပြည် မှာ မွေး၊ မြန်မာပြည် က ကျွေး၊ မြန်မာပြည် က ရေသောက်၊ ဒီ မြန်မာပြည် ကို ရင်နင့်အောင်ချစ်တဲ့တရုတ်ပါ။ ဒီ မြန်မာပြည်မြေ ကို ထိလာရင်တော့ လုံးဝ(လုံးဝ) လက်မခံတဲ့ တရုတ်ပါ။

   Send article as PDF